Part7

41.5K 2.4K 214
                                    

Uni

နမ်းနေရင်းငြိမ်ကျသွားသူကြောင့်စိုင်းစစ်လွှတ်ပေးလိုက်တော့သူအပေါ်ပြိုကျလာသူလေး။ရင်ဘတ်ထဲကအကောင်ပေါက်လေးအားပွေ့ဖက်ရင်းသူတောင်မသိဘဲပြုံးရယ်မိသည်။အကျီတွေပြန်ဝတ်ပေးနေရင်မိုးလင်းသွားမှာစိုးလို့စိုင်းစစ်သူ့ကိုယ်ပေါ်ကကုတ်လေးကိုသာကလေးငယ်ပေါ်ခြုံပေးလိုက်သည်။

" ကျစ်...တံခါးကိုသော့ခတ်ခဲ့တာဘဲ။ "

အိမ်ရောက်တော့သေးငယ်တဲ့ကိုယ်လေးအားပွေ့ချီလို့သူ့အခန်းဆီကိုသွားပို့တော့အခန်းတံခါးကိုဘယ်အချိန်တည်းကသော့ခတ်ထားလဲမသိဖွင့်မရ။စိုင်းစစ်လဲပင်ပန်းနေပြီမို့ဆက်ဖွင့်မနေတော့ဘဲကလေးငယ်အားသူ့အခန်းဆီကိုခေါ်လာလိုက်ကာမွေ့ယာပေါ်အသာလေးတင်ပေးလိုက်သည်။

" ပြဿနာတွေရှာပြီးတော့ကောင်းကောင်းကြီးအိပ်ပျော်နေတယ်ပေါ့လေ..."

မျက်နှာပေါ်အုပ်ကျနေသောအညိုရောင်အနည်းငယ်သမ်းနေတဲ့ဆံပင်လေးတွေကိုသပ်သင်ပေးကာသူ့နမ်းလို့ဖူးယောင်နေတဲ့နှုတ်ခမ်းလေးကိုကြည့်လို့ပြုံးမိပြန်သည်။သူဒီကောင်လေးကိုဘာလို့မငြင်းတာလဲဆိုတော့...ဒီကောင်လေးပေါ်မှာခံစားချက်တစ်ချို့ရှိနေလို့ဘဲ။မငြင်းရင်လက်ခံဆိုတော့လဲသူ့ခံစားချက်သူနားမလည်သေးတာကြောင့်လျစ်လျူရှုထားရခြင်းသာ။ဒါကိုကိုယ့်ကြောင့်နာကျင်နေရသူကိုအနည်းငယ်တော့အားနာမိပါသည်။

" ကိုကိုမင်းလိုချင်တဲ့အဖြေကိုရအောင်ပေးမှာမို့....လက်မလျော့လိုက်ပါနဲ့ကလေးငယ်။ "

===============
" အင်းးး "

ညဥ်းသံတစ်ချက်နဲ့အတူတိမ်လွှာကိုက်နေတဲ့ခေါင်းကိုဖိနှိပ်လို့အိပ်ရာကနေထကထိုင်မိသည်။မျက်စိတွေကမဖွင့်သေးပေမဲ့လဲသူ့လက်တွေကဘေးကစောင်နဲ့မွေ့ယာတွေကိုစမ်းကြည့်နေမိတယ်။

နေအုံးနေအုံး ဒါငါ့အခန်းထဲကစောင်မဟုတ်ဘူး ငါ့စောင်ကပိုးထည်ပါ...ဒါကဘာကြီးလဲ ကုတင်ရောဘဲ။

တိမ်လွှာသိချင်စိတ်ဖြင့်မျက်လုံးဖွင့်ကြည့်လိုက်တော့ထင်တဲ့အတိုင်းကုတင်ကသူ့ကုတင်လိုအဖြူရောင်မဟုတ်ဘဲအညိုရောင်ဖြစ်နေတာကြောင့်မျက်လုံးတွေဟာပြူးကျယ်မိသည်။ဒီကုတင်ကိုသူရင်းနှီးပါတယ်...

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now