Part21

37.3K 1.7K 172
                                    


မနက်ခင်းရဲ့နေရောင်ခြည်ကရင်ခွင်ထဲကအကျီဗလာဖြစ်နေတဲ့ကောင်လေးကိုတောက်ပစေလို့။စိုင်းစစ်စောစောနိုးတာကြောင့်ရေမိုးချိုးကာအောက်ပိုင်းတဘက်ပက်လို့ရေချိုးခန်းထဲကထွက်လာလိုက်သည်။

ညတုန်းကရတဲ့အအခွင့်အ​ရေးလက်မလွှတ်လိုက်တာမျော့​မျော့သာကျန်တော့တဲ့ကလေးငယ်။

" သည်းငယ်...ထတော့ နေမြင့်နေပြီနေမကောင်းဖြစ်လိမ့်မယ်..."

" လူလိုတော့သိသေးတာဘဲ သေအောင်လုပ်ထားမှတော့ထနိုင်မလားစဥ်းစားလေ..."

အိပ်ရာထဲကနေလူးလွန့်ရင်းဆူပုတ်ပုတ်လေးပြောလာသူလေးကြောင့်စိုင်းစစ်ရယ်မောမိသည်။ရင်ဘတ်တပြင်လုံးမှာအနီပြင်ကွပ်တွေဟာလှလို့ပလို့...သူကလေးငယ်ကိုအပိုင်ရလိမ့်မယ်လို့တွေးတောင်မတွေးခဲ့ဘူး....အခုများတော့သူဟာကံကောင်းသည့်လူလို။

" ဒါဆိုလဲမထနဲ့အုံး ကိုကိုဝတ်စရာသွားယူပေးမယ်။ "

ပြန်ဖြေကြားသံမကြားတာကြောင့်စိုင်းစစ်အကျီနဲ့ဘောင်းဘီအမြန်ကောက်ဝတ်ကာတိမ်လွှာ့အခန်းထဲမှာအကျီသွားယူရန်အခန်းထဲကနေထွက်လာလိုက်သည်။အခန်းထဲကထွက်ရန်အလုပ် အခန်းရှေ့မှာမြင်လိုက်ရတဲ့လူကြောင့်စိုင်းစစ်လန့်ပင်လန့်သွားသည်။

" ဖွားစိန်...အစောကြီးဘဲနိုးနေတာလား.."

" နိုးနေတာမဟုတ်ဖူး တစ်ညလုံးအိပ်လို့ကိုမရတာ...ဘယ်လိုဖြစ်လိုအသည်းအသန်လုပ်ရတာလဲ...ဟမ်!! ငါ့မြေးလေးအဆင်မှပြေရဲ့လား..."

" ဟိုးဟိုး သူအိပ်နေတယ်လေ မနှောင့်ယှက်ပါနဲ့ဖွားရယ်..."

" အော် အခုတော့ငါကအရှုပ်ထုပ်ကြီးပေါ့ ဘယ်လိုလဲ မဂ်လာရက်တွေဘာတွေရွေးပြီးရောပေါ့ မနေ့ကတစ်နေ့ကုန် ပြက္ခဒိန် ကြည့်နေမှတော့..."

ဖွားစိန်အပြောဆုံးမှစိုင်းစစ်မှာရှက်ရှက်ဖြင့်ဂုတ်လေးအားလက်ဖြင့်ပွတ်မိတော့ဖွားစိန်ကဗိုက်ခေါက်ကိုလာဆိတ်ဆွဲကာလက်ညိုးတငေါက်ငေါက်ဖြင့်။

" ငါ့မြေးလေးကိုစားပြီးထွေးထုတ်မယ်မကျန်နဲ့နော် ငါကိုယ်တိုင်နင့်ကိုအရေခွံခွာပစ်မှာ ကြားလား။ "

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now