Part12

35.9K 2K 91
                                    

Uni

တိမ်လွှာပွဲမပြီးခင်ကတည်းကကိုကိုနဲ့အတူပြန်လာလိုက်သည်။တစ်နေရာရာကိုခေါ်သွားမည်ဆိုပြီးကားကိုမောင်းလာတာနာရီဝက်ရှိနေလေပြီ...ဒါပေမဲ့လဲကိုကိုခေါ်တော့လဲဘယ်ဖြစ်ဖြစ်လိုက်ရတာပေါ့။

" သီချင်းလေးကကောင်းသားဘဲနော် ဘာလို့ရွေးခဲ့တာလဲ။ "

" ချစ်ရသူကိုဖွင့်ဟဖို့လေ!! "

" မင်းမှာချစ်ရသူရှိလို့လား..."

ကိုကို့အပြောကြောင့်တိမ်လွှာခနတာတိတ်ဆိတ်သွားသည်။အဲ့တာကကိုကိုလေဆိုပြီးပြောပစ်လိုက်ချင်တာ...

" တကယ်လို့ချစ်ရသူရှိရင်ဖွင့်ပြောလိုက်လေ...မျိုသိပ်ထားရတာမွန်းကျပ်တယ်မှတ်လား။ "

" အင်း....အရမ်းလဲမွန်းကျပ်တယ် နာလဲနာကျင်တယ် တစ်ခါတလေအဲ့လူကိုအော်ပြောလိုက်ချင်တယ်..."

တိမ်လွှာကိုကို့မျက်နှာလေးကိုတစ်ချက်လှည့်ကြည့်ကာမျက်နှာလွှဲလိုက်ရင်းဆိုလိုက်သည်။သူဖွင့်ပြောလိုက်မှမုန်းသွားမှာလဲကြောက်တယ် သူ့ကိုအရင်ကလိုအေးစက်သွားမှာလဲကြောက်တယ်...

" ဘာဘဲဖြစ်ဖြစ်ကိုယ့်ဘက်ကအရဲစွန့်ပြီးဖွင့်ပြောမှဖွင့်ပြောခံရတဲ့လူကစဥ်းစားပေးလို့ရမှာပေါ့ကွ...အရာရာကိုကိုယ့်ဘက်ကဘဲတွေးနေလို့မရဘူးလေ...ဟုတ်တယ်ဟုတ်..."

" အဲ့တာတော့ဟုတ်ပေမဲ့...ကိုကိုသာဆိုရင်ကော ကိုကို့ကိုဖွင့်ပြောလာရင်ပြန်ကြိုက်မှာလားငြင်းမှာလားဟင်။ "

" အဲ့တာကပြောတဲ့လူပေါ်သက်ဆိုင်တာပေါ့ တိမ်လွှာ...ဖူးစာရှင်ကဘယ်လိုမျိုးလဲဆိုတာမသိပေမဲ့ အချစ်စစ်ဆိုတာကတော့နှစ်ဦးနှစ်ဖက်လုံးဆီကလာတဲ့မြှားတစ်ခုဘဲ...."

စိုင်းစစ်စကားကြောင့်ငြိမ်ကျသွားတဲ့ကလေးငယ်ကြောင့်သက်ပြင်းသာချမိသည်။ဖွင့်ပြောကြည့်ပါကလေးငယ်...မင်းဖွင့်ပြောတဲ့အချိန်ကိုယ့်ခံစားချက်တွေဘယ်လိုဖြစ်သွားမလဲသိချင်ပါတယ်ကလေးငယ်။

၁နာရီလောက်မောင်းအပြီးစိုင်းစစ်ရဲ့ကားနက်ကြီးဟာပင်လယ်ကမ်းခြေတစ်ခုရှိရာကိုရောက်လာလေသည်။နှစ်ယောက်သားကားထဲကထွက်လို့ပင်လယ်ထဲထိုးဝင်နေတဲ့နေမင်းကြီးကိုငေးမောမိသည်။

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now