Uni
တိမ်လွှာတစ်ယောက်ကိုကို့ရဲ့ကုတင်ကျယ်ကြီးပေါ်မှာငုတ်တုတ်ကြီးထိုင်ကာငိုင်နေမိသည်။ကိုကို့ကိုဖွင့်ပြောပြီးကတည်းကအရင်ကလိုလက်ရဲဇက်ရဲလဲမရှိတော့ဘဲအားနေရှက်တတ်ကာကိုကိုအနားကပ်လာရင်ရင်ဘတ်ထဲပိုးကောင်တစ်သောင်းဝင်သွားသလိုတောင်ဖြစ်။
" ရေမချိုးဘူးလား..."
" ဟမ် ချိုး...ချိုးမှာပေါ့...ချိုးမှာ..."
ကုတင်ပေါ်Laptopလေးကိုင်ကာတက်လာတဲ့ကိုကိုကြောင့်တိမ်လွှာမှာတစ်ဖက်ခြမ်းကနေကုတင်ပေါ်ကနေချက်ချင်းဆင်းကာရေချိုးရန်ပြင်ရလေသည်။ရှက်ရှက်နဲ့ရေချိုးခန်းထဲဝင်ပြီးရေချိုးပြီးကာမှဝတ်ဖို့သူ့အခန်းမှာအကျီသွားမယူရသေးကြောင်းသတိရမိသည်။
" ကိုကို!!! "
" သိသားဘဲ အမြဲပြာယာပြာယာနဲ့ ညအိပ်ဝမ်းဆက်သွားယူပေးထားတယ် ဝင်လာရမလား..."
Laptopအားကုတင်ပေါ်ချလို့ခေါင်းတစ်ခါခါဖြင့်အသင့်ခုနကမှသွားယူထားသောအဖြူရောင်ညအိပ်ဖဲသားဝမ်းဆက်လေးကိုကိုင်ကာရေချိုးခန်းရှေ့သွားရပ်လို့ပြောလိုက်တော့အခန်းတံခါးလေးထဲကနေလက်ကလေးထုတ်ပေးလာသူ။ပေးဆိုတဲ့ပုံဖြင့်လက်အားလှုပ်ပြတဲ့လက်လေးဟာရေထိတာများလို့ဖြူနေတဲ့အသားလေးဟာပိုဖြူလို့။အအေးပက်မှာဆိုးလို့သက်ပြင်းသာချလို့လက်လေးထဲကိုအကျီထိုးထည့်ပေးလိုက်သည်။
" အကျီတောင်မေ့ကျန်ရအောင်ဘယ်လောက်အရေးကြီးလဲပြော...ဟမ်!! အမြဲလုပ်လိုက်ရင်တလွဲဘဲ..."
ရေချိုးခန်းထဲကထွက်လာသူလေးကိုဆူလိုက်တော့နှုတ်ခမ်းလေးတထော်ထော်ဖြင့်အသင့်ယူလာတဲ့လွယ်အိတ်လေးထဲကစာအုပ်လေးထုတ်ကာကုတင်ပေါ်တက်လာလေသည်။
" ဖတ်ပြပါလား..."
" စာကျက်မယ်ထင်နေတာ မင်းကငါ့ကိုစာလာဖတ်ခိုင်းနေတယ်ပေါ့လေ..."
" သူငယ်ချင်းဆီကငှားလားတာ ဖတ်ကမှာပျင်းလို့ဖတ်ပြပါ...နော် ကိုကို..."
အတင်းဂျီကျလာသူကြောင့်စိုင်းစစ်မှာသက်ပြင်းတစ်ချက်နဲ့အတူလက်ထဲကLaptopကိုဘေးချလို့ကမ်းပေးလာသောစာအုပ်လေးကိုဖွင့်ကာဖတ်ပြရန်ပြင်လိုက်သည်။
![](https://img.wattpad.com/cover/329471832-288-k307266.jpg)
YOU ARE READING
ငယ်သူမို့....ဆိုး ( completed )
Fantasy( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကောင်းမှု့တွေထပ်အဆမတန်ပိုတန်ဖိုးရှိသည်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့က...