တိမ်လွှာဖုန်းမျက်နှာပြင်ပေါ်မှာပေါ်နေတဲ့ပါးပါးရဲ့မျက်နှာကိုကြည့်ရင်းမျက်ရည်တွေဝဲမိသည်။ဆေးရုံဝတ်စုံနဲ့ပါးပါးကနွမ်းနဲလို့...ဘာလို့ကျွန်တော့်ကိုပေးမသိရတာလဲ။( ငိုမနေပါနဲ့သားလေးရယ်...သားလေးငိုရင်ပါးပါးနဲ့လဲဝမ်းနည်းရတယ်...)
" ဟင့် သားဘယ်လောက်ကိုယ့်ကိုကိုယ်စိတ်ပျက်မိလဲသိလား...အဖေဖြစ်သူရောဂါဖြစ်နေတာတောင်သိခွင့်မရဘူးလေ ဒါဆိုတစ်ခြားပြဿနာတွေကိုကောသားကိုဖုံးကွယ်ထားတာလား။ "
ဖုန်းVcကနေပါးပါးကတစ်ဖက်ကလှမ်းပြောတာမို့တိမ်လွှာမျက်ရည်တွေသုတ်ရင်းပြောမိတော့ပါးပါးကခပ်အေးအေးသာပြုံးလာလေသည်။ဘေးကကိုကိုကတော့ဘာမှဝင်မပြော။
( ဥက္ကဋ္ဌ...)
" ကျွန်တော်တောင်းပန်ပါတယ် ရအောင်ဖုံးကွယ်ခဲ့ပေမဲ့...ကျွန်တော့်ရဲ့ပေါ့ဆမှု့ကြောင့်ပါ တကယ်တောင်းပန်ပါတယ်။ "
( ဟားဟားးး တောင်းပန်ရမှာကျွန်တော်ကပါ ကျွန်တော်ကလိမ်ခိုင်းခံလို့သာပါဥက္ကဋ္ဌ အခုလဲစိတ်မပူပါနဲ့မကြာခင်ကျွန်တော်ပြန်လာတော့မှာပါ....)
" ဆိုလိုတာက..."
( ဟုတ်ပါတယ် ဆေးကုသမှု့အောင်မြင်လို့ပါ...ဒီလောက်ဆိုတိမ်လွှာလေးစိတ်မဆိုးသင့်တော့ဘူးနော် ပါးပါးပြောတာနားလည်လား။)
ပါးပါးအပြောကိုတိမ်လွှာ့ခေါင်းသာငြိမ့်ပြမိသည်။vcခေါ်ပြီးတော့ကိုကိုကဖုန်းချရင်းသူ့အားကြည့်လာသည်ကိုတိမ်လွှာလျစ်လျူရှုထားလိုက်သည်။
" ကိုယ့်ကိုစိတ်ဆိုးနေသလားသည်းငယ်..."
" .... "
" ဦးလေးကိုယ်တိုင်လဲရှင်းပြပြီးပြီဘဲကို...ကိုယ့်မှာအမှားမကင်းဖူးဆိုတာဝန်ခံပါတယ် ဒါပေမဲ့...စိတ်မဆိုးပါနဲ့။ "
အခုမှစိတ်မဆိုးပါနဲ့တဲ့လေ...အစကတည်းကစိတ်ဆိုးမခံချင်မလိမ်ခဲ့ဘဲပါးပါးပြောတာကိုငြင်းခဲ့ပါရောလား။ဒါဆိုသူ့စိတ်ဆိုးအုံးမလား။
" ကိုယ်မင်းစိတ်ဆိုးပြေတဲ့အထိချော့မယ်...တောင်းပန်စေချင်တာလား ကိုယ့်ကိုဖြစ်စေချင်တာကိုပြောပြစမ်းပါ။ "
ВЫ ЧИТАЕТЕ
ငယ်သူမို့....ဆိုး ( completed )
Фэнтези( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကောင်းမှု့တွေထပ်အဆမတန်ပိုတန်ဖိုးရှိသည်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့က...