Uni
ပွဲတော်နေ့ကဒီတစ်ပတ်စနေနေ့မို့တိမ်လွှာတို့ဂီတခန်းကိုသွန်းမောင်ပေးတဲ့ကဒ်ဖြင့်ဝင်လာကာလေ့ကျင့်လိုက်ကြသည်။အားလုံးကလဲသိပ်လေ့ကျင့်စရာမလို တူရိယာတွေကိုထိတွေ့ဖူးပြီးသားဖြစ်တာမို့အဆင်မပြေတာမရှိ။
" အဆိုတော်လေးတစ်ယောက်ကျောင်းပွဲတော်ကိုရောက်လာတော့မှာဘဲ။ "
" ဟင်သွန်းမောင်...."
အခန်းထဲကိုခပ်ပြုံးပြုံးနဲ့ဝင်လာတဲ့အတန်းခေါင်းဆောင်ကြောင့်တိမ်လွှာကြောင်မိပေမဲ့အင်း..ဒါကသူပိုင်တဲ့နေရာလေနော်။ပြောရမယ်ဆိုသူ့အမေကကျောင်းအုပ်လေ အဲ့တော့ဒီနေရာတွေအားလုံးကိုသူ့မှာဝင်ထွက်ပိုင်ခွင့်ရှိတာပေါ့။
" သီချင်းကောရွေးပြီးပြီလား...အင်းငါကလေငါအရမ်းနားထောင်ချင်နေတဲ့သီချင်းလေးမင်းကိုဆိုစေချင်တာ..."
" ဘာသီချင်းလဲ။ "
" ချစ်နေပြီ!! "
" အော်...အဲ့တာငါစာသားတွေသိပ်မရဘူး ဒါပေမဲ့ရရင်ဆိုပေးမယ်လေနော်။ "
တိမ်လွှာ့စကားကြောင့်အနောက်ကမင်းထင်နဲ့စေရာမျက်မှောင်တွေအကျုံ့သား။သူတို့သိတာပေါ့ဒီသွန်းမောင်ဘာခြေလှမ်းလှမ်းနေလဲ...အခုလဲတမင်မသိမသာချစ်နေပြီဆိုပြီဖွင့်ပြောတာကိုတိမ်လွှာကလွဲလို့မင်းထင်ကောစေရာကိုကောသိသည်။
သွန်းမောင်ကတော့ခပ်ဟဟပြုံးလို့။
" နေပါစေတော့ နောက်တစ်ခေါက်ပေါ့...ဆက်လေ့ကျင့်လိုက်အုံးလေနော် သွားတော့မယ်။ "
" အော်အင်းအင်း..."
သွန်းမောင်အခန်းထဲကထွက်သွားမှမင်းထင်နဲ့စေရာတိမ်လွှာကိုဆွဲလို့နံရံထောင့်မှာတွန်းကာတိုးကပ်ထားလိုက်ပြီးမျက်လုံးကျဥ်းတွေဖြင့်ကြည့်လို့။
" မင်းမရိပ်မိဘူးလား..."
" ဘာကိုရိပ်မိကမှာလဲခွေးသားရဲ့ အတင်းတွန်းတာနာတယ်ကွ။ "
" ကျစ် ခုနကသွန်းမောင်ပြောသွားတာဘာလဲ..."
" ချစ်နေပြီဆိုတဲ့သီချင်းဆိုခိုင်းတာလေ..."
BẠN ĐANG ĐỌC
ငယ်သူမို့....ဆိုး ( completed )
Viễn tưởng( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကောင်းမှု့တွေထပ်အဆမတန်ပိုတန်ဖိုးရှိသည်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့က...