Uni
" အင်းးးကိုကို..."
တိမ်လွှာကိုက်ခဲနေတဲ့ခေါင်းကိုဖိနှိပ်ရင်းအိပ်ရာကနေထထိုင်မိသည်။သူ့တကိုယ်လုံးအားကိုမရှိဘူးမျက်စိတွေကလဲလေးနေသလိုသူ့စိတ်ထဲလဲတစ်မျိုးကြီး။ပြီးတော့သူ့ဘေးမှာသူတွေ့ချင်တဲ့လူကလဲမရှိဘူး။
" ဟင့်...ဟင့်အီးဟီးး "
" တိမ်လွှာ...ဘာဖြစ်လို့လဲ ဘာဖြစ်လို့ငိုနေတာလဲ။ပြောစမ်းကိုကို့ကို..."
" ဟင့်ကိုကို...အီးဟီးး "
စိုင်းစစ်တိမ်လွှာ့အဖေမနက်စောစောဖုန်းဆက်တာမို့ဖုန်းပြောနေရင်းသက်သာပြီးလားလာကြည့်ရင်းကုတင်ပေါ်မှာတသိမ့်သိမ့်တုန်ကာငိုနေတဲ့ကလေးငယ်ကိုတွေ့လိုက်ရတာကြောင့်စိုင်းစစ်အပြေးသွားကာမေးမိသည်။သူ့အားဘာမှပြန်မပြောလာဘဲရင်ခွင်ထဲဝင်လာသူကိုစိုင်းစစ်ပွေ့ဖက်ထားမိသည်။
" ဘာမှမဖြစ်တော့ဘူးနော် ကိုကိုရှိတယ်။ "
" ဟင့်ပါးပါး...ဟင့် "
" ပါးပါးကိုတွေ့ချင်လို့လား မငိုပါနဲ့တော့ကွာပါးပါးကပြန်လာတော့မှာ နော့်။ "
ရင်ခွင်ထဲကကလေးငယ်ကငိုယိုနေတာကြောင့်စိုင်းစစ်ရင်ခွင်ထဲကနေဆွဲထုတ်လိုက်ကာပါးပြင်ပေါ်ကမျက်ရည်တွေကိုသုတ်ပေးရင်းဆိုလိုက်သည်။သူ့အဖေပြောပြထားလို့နေမကောင်းရင်ငိုတတ်ဂျီကျတတ်တယ်ဆိုတာလဲသူသိထားပြီးပြီမို့ဒီနေ့အလုပ်တောင်နားထားလေသည်။
" မငိုနဲ့တော့နော် ခေါင်းတွေကိုက်နေလိမ့်မယ် ကိုကိုပြောတာကြားလား အခုမျက်ရည်တွေသုတ်..."
" ဟင့်!! "
စိုင်းစစ်နှစ်ခွန်းတောင်ပြောစရာမလိုဘဲဟင့်ခနဲရှုက်လို့မျက်နှာပေါ်ကမျက်ရည်တွေကိုလက်ခုံတွေဖြင့်ဖိသုတ်လာသူဟာနေမကောင်းရင်အလိမ်မာလေး။
" အခုကောဘာဖြစ်သေးလဲခေါင်းကိုက်သေးလားဒါမှမဟုတ်အန်ချင်သေးလား...ဟင် "
စိုင်းစစ်အမေးကိုခနစဥ်းစားလို့ခေါင်းလေးခါလာသူကြောင့်စိုင်းစစ်ကလေးငယ်ရဲ့ဆံပင်လေးတွေကိုသာဖွပေးမိသည်။
![](https://img.wattpad.com/cover/329471832-288-k307266.jpg)
ВЫ ЧИТАЕТЕ
ငယ်သူမို့....ဆိုး ( completed )
Фэнтези( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကောင်းမှု့တွေထပ်အဆမတန်ပိုတန်ဖိုးရှိသည်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့က...