Uni
စိုင်းစစ်စာရင်းတွေကားပေါ်မှာကြည့်နေရင်းမျက်လုံးထောင့်ကအရိပ်လေးကိုတစ်ချက်ငေးကြည့်မိသည်။သူနဲ့လာတုန်းကလိုကပ်မထိုင်တော့ဘဲကားတံခါးနားကိုကပ်ထိုင်နေသူကဘဏ်ကဒ်ပေးမသုံးလို့စိတ်ကောက်နေတယ်ဆိုတာအရှေ့ကနှစ်ကောင်ပြောလို့သူသိထားသည်။
" ကားတံခါးကလော့ပျက်နေတာနော် မတော်လို့ပြုတ်ကျသွားရင်သေသွားမယ်။ "
ထိုသို့ပြောလိုက်မှသူ့အားကြည့်လာကာဘေးကိုအနည်းငယ်တိုးကပ်လာသူဟာသေရမှာတော့အသေကြောက်။
" ဗိုက်ဆာတယ်..."
" ဘာစားမလို့လဲ။ "
သူ့အားခေါင်းလေးစောင်းကပြောလာသူကိုစိုင်းစစ်ပြန်မကြည့်ဘဲစာရင်းချုပ်တွေကိုကြည့်ရင်းဆိုလိုက်သည်။
" ရေ ခဲ မုန့် "
" ချောင်းဆိုးလိမ့်မယ် ဗိုက်လဲဝမှာမဟုတ်ဖူးအဲ့တာ..."
" ဘောစ့်ရယ်အကိုလေးကကလေးဘဲ သူကြိုက်တာစားပါစေလား။ "
ဖြိုးပိုင်ကကားမောင်းရင်းနောက်ကြည့်မှန်ကနေကြည့်ပြောလိုက်တော့သူ့ဆီရောက်လာတဲ့အကြည့်စူးစူးတစ်ခု။
" ငါကသူ့အုပ်ထိန်းသူ ငါပြောတာဘဲနားထောင်ရမယ်!! "
" တစ်ခါတလေစားတာဘဲကို...ဟွန့် ပါးပါးတောင်အဲ့လောက်ထိမဟုတ်ဖူး။ "
" အဲ့တာကြောင့်ပြောနေတာပေါ့ ခေါက်ဆွဲကြော်စား..."
" ရေခဲမုန့်စားမှာ..."
" မရဘူးခေါက်ဆွဲကြော်ဘဲစားရမယ်..."
" ရေခဲမုန့်စားမှာ..."
" တိမ်လွှာဘုန်းမြင့်!!! "
နှစ်ယောက်သားငြင်းနေရင်းစိုင်းစစ်ရဲ့အသံကျယ်တစ်ခါအဆုံးတိမ်လွှာတစ်ယောက်ငြိမ်ကျသွားကာမျက်မှောင်တွေကျုံ့မိလို့။
" ကားရပ်ပေး လမ်းလျှောက်ပြီးဘဲပြန်မယ်..."
" ရပ်ရဲရပ်ကြည့်လိုက်...ငါကမင်းအုပ်ထိန်းသူနော် မင်းချွဲချင်ရစ်ချင်မင်းအဖေသွားလုပ် ငါ့လာလုပ်ရင်ဘာအကျိုးမှရမှာမဟုတ်ဖူး။ "
![](https://img.wattpad.com/cover/329471832-288-k307266.jpg)
CZYTASZ
ငယ်သူမို့....ဆိုး ( completed )
Fantasy( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကောင်းမှု့တွေထပ်အဆမတန်ပိုတန်ဖိုးရှိသည်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့က...