Part3

46.9K 2.7K 117
                                    

Uni

" နောက်လဲလာလည်နော်သားတိမ်လွှာလေး "

" ဟုတ်ဖွားစိန် သားနောက်တစ်ခေါက်လာရင်မုန့်တွေဝယ်လာမယ်နော်။ "

" အမလေးသားလေးလာရင်ဘဲအဖွားကဝမ်းသာပါပြီကွယ်..."

  မနက်စောစောတိမ်လွှာနဲ့ဦးခင်ရွှေပြန်ရန်အလုပ်ဖွားစိန်ကထွက်နှုတ်ဆက်တာမို့တိမ်လွှာပြုံးပြုံးရယ်ရယ်နဲ့နှုတ်ဆက်မိသည်။မနက်ပိုင်းအတန်းချိန်လဲရှိတာမို့ကြာကြာနေချင်ပေမဲ့လဲအဆင်မပြေလှ။

" ကဲဥက္ကဋ္ဌသွားလိုက်ပါအုံးမယ် လာသားပြန်ကြမယ်။ "

" ကိုကို သွားတော့မယ်နော်.."

" ကြွ..."

  ကောင်းကောင်းနှုတ်ဆက်တာကိုဘောက်ဆက်ဆက်ပြန်ပြောလာသူကြောင့်တိမ်လွှာဆူပုတ်ပုတ်လေးဖြင့်ကားထဲကိုဝင်လာလိုက်သည်။ကားစီးလာတဲ့တစ်လျှောက်လုံးလဲသူစဥ်းစားနေတာ...ညကကိုကို့အခန်းမှာအိပ်ပျော်သွားတာကိုမိုးလင်းတော့သူ့အခန်းသူပြန်ရောက်နေတယ်။

" ချီပြီးပို့တာလား မဟုတ်တာ သူလားငါ့ကိုချီမှာ ငါဘဲအိပ်နေရင်းလမ်းထလျှောက်တာလား ကျစ် ခေါင်းစားစရာဘဲ။ "

   ဦးခင်ရွှေတစ်ယောက်နောက်ခန်းမှာထိုင်လို့တစ်ယောက်ထဲပွစိပွစိနဲ့စကားတွေပြောကာအလုပ်ရှုပ်နေသူကိုနောက်ကြည့်မှန်ကနေကြည့်လို့။

" သား တစ်ယောက်ထဲဘာတွေပြောနေတာလဲ။စာမေးပွဲရှိလို့စာတွေပြန်ကျက်နေတာလား..."

" အာ...ဟုတ် ဟုတ်တယ်အဖေ စာမေးပွဲကဒီလကုန်လေ အဲ့တာကြောင့် ဟီးးး "

" စာကြိုးစားနော်သား တွေ့တယ်မှတ်လားဥက္ကဋ္ဌစိုင်းစစ်ကို...သူ့လိုဖြစ်အောင်လုပ်သား "

   * သားကသူ့လိုမဖြစ်ချင်ပါဘူး သူနဲ့ဘဲဖြစ်ချင်တာ...*

   စိတ်ထဲကနေလွှတ်ခနဲထွက်သွားတဲ့ဖြေကြားသံဟာနှုတ်မှထွက်သွားပါကအဖေရှေ့မျက်နှာပူစရာတွေပင်ဖြစ်သွားမှာအမှန်ပင်။ကိုကိုနဲ့တော့ရူးပါပြီ...

               ================

" ဒီညကလပ်သွားကြမလားတိမ်လွှာ စကီအသစ်လေးတွေသွားရှိုးကြမယ်လေ..."

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now