Uni
" ဘာ!!! ကိုကို့အိမ်မှာသွားနေရမယ်...ပါးပါးဘာတွေပြောနေတာလဲ။ "
ဖုန်းအသစ်လေးနဲ့ဧည့်ခန်းကဆိုဖာပေါ်မှာဂိမ်းဆော့နေရင်းပါးပါးရဲ့အပြောကြောင့်လက်ထဲကဖုန်းအသစ်ပင်လွတ်ကျသွားတော့မည့်အတိုင်း။သူအခုသူကြိုက်နေတဲ့ကိုကို့အိမ်မှာသွားနေရမှာပေါ့လေ....ချစ်တဲ့စိတ်ကြောင့်ရူးနေပြီထင်ပါတယ်။
" ပါးပါးကတော့နောက်ပြီ ဒါအိမ်မက်ထင်တယ် မဖြစ်သေးပါဘူးသားအိပ်ရေးပျက်တာများလို့ထင်တယ်..."
" ပါးပါးတကယ်ပြောတာတိမ်လွှာ ပါးပါးနိုင်ငံခြားမှာအလုပ်သွားလုပ်ရမှာ...အဲ့အတောအတွင်းသားဥက္ကဋ္ဌအိမ်မှာသွားနေရလိမ့်မယ်...သူနေ့လည်ကျလာခေါ်လိမ့်မယ်။ "
ပါးပါးအပြောကြောင့်သူပျော်ပေမဲ့အနည်းငယ်ဝမ်းနည်းမိပြန်သည်။သူပါးပါးနဲ့မခွဲနေနိုင်ပါဘူး....သူ့မျက်နှာသိသိသာသာညိုးကျသွားတာသိတော့ပါးပါးကသူ့ဘေးကိုလာထိုင်ကာပုခုံးနှစ်ဖက်အားကျစ်ကျစ်ဆုပ်ကိုင်လာကာ။
" တိမ်လွှာ...ပါးပါးသားလေးကိုချစ်တာသိတယ်ဟုတ်...ပါးပါးကအသက်ကြီးနေပါပြီကွယ်..."
" ဘယ်လောက်ကြာမှာလဲ...တကယ်ပြန်လာမှာလား ဟင့် "
ဦးခင်ရွှေဝမ်းနည်းစပြုလာတဲ့သားလေးရဲ့ဘေးကိုသွားထိုင်လိုက်ကာရင်ခွင်ထဲဆွဲထည့်လို့ဖက်တွယ်မိသည်။သူလဲဝမ်းနည်းရပါသည်။မလိမ်ချင်ပါ သို့ပေမဲ့သားလေးသာသိရင်ဒီထက်ပိုဝမ်းနည်းသွားလိမ့်မည်။
" ပါးပါးပြန်လာမှာပေါ့သားရဲ့ ..."
" ကြောက်တယ် ပါးပါး မားမားလိုလုပ်သွားမှာကို ဟင့် "
ရင်ခွင်ထဲပိုတိုးလို့ဝင်လာသည့်သားဖြစ်သူဟာမအေဖြစ်သူကြောင့်ရတဲ့စိတ်ဒဏ်ရာတွေနဲ့။သူ့ကိုတစ်ယောက်တည်းဘယ်လိုများထားရစ်ခဲ့နိုင်ပါ့မလဲ။
==============
" တကယ်ကျေးဇူးတင်ပါတယ်ဥက္ကဋ္ဌရယ်တကယ်ပါ.."
" ရပါတယ် ကျွန်တော်လဲတက်နိုင်တဲ့ဘက်ကကူပေးတာပါ...ဟော..ပြောရင်းဆိုရင်းဆင်းလာပြီဘဲ။ "
![](https://img.wattpad.com/cover/329471832-288-k307266.jpg)
YOU ARE READING
ငယ်သူမို့....ဆိုး ( completed )
Fantasy( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကောင်းမှု့တွေထပ်အဆမတန်ပိုတန်ဖိုးရှိသည်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့က...