Uni
စိုင်းစစ်ကားမောင်းရင်းသူ့ဘေးကနေပြုံးရွှင်နေတဲ့ကလေးငယ်ကိုကြည့်ကာသူပါအပျော်တွေကူးစက်မိသည်။အားနေတာနဲ့စစ်ဂုဏ်တို့ရွာဘက်ကိုသွားချင်တယ်ဆိုပြီးဂျီကျတာကြောင့်စိုင်းစစ်ခင်မျာမဆိုင်းမတွဘဲအထုတ်တွေပြင်ကာလိုက်ပို့ရလေသည်။
" ကိုကို...ဟိုမှာ သစ်သီးခြံတွေ...ဝင်စားလို့ရရင်ကောင်းမှာဘဲဟီးး "
" ဟက် စားချင်ရင်ကိုယ့်ညီအိမ်ရောက်ရင်ပြောပေးမယ် အရှေ့လောက်ဆိုရောက်ပြီကွ.."
တိမ်လွှာသူ့ရဲ့ဆိုးဖော်ဆိုးဖက်သွေးနဲ့တွေ့ရမည်ဆိုတာကြောင့်ပျော်မိတာအမှန်။စပရိုက်လဲလုပ်ချင်တာမို့အဆက်အသွယ်မပေးဘဲကိုကိုနဲ့နှစ်ယောက်သားခိုးကြောင်ခိုးဝှက်ထွက်လာကြခြင်း။
မိနစ်အနည်းငယ်မောင်းပြီးတော့ကားလေးဟာအိမ်လေးတစ်အိမ်ရှေ့မှာထိုးရပ်သွားလေသည်။ခြံဝန်းထဲကအိမ်ကလေးကအေးချမ်းလို့ တိုက်တော့မဟုတ်ဖူး သူတို့ကအရင်ခေတ်ကအိမ်တွေလိုကျွန်းကတိုးတွေဖြင့်ဆောက်ထားကာခြံထဲမှာသုံးအိမ်လောက်ရှိပြီးအားလုံးကနှစ်ထပ်ပုံစံတွေသာ။
" အင်းးးအေးချမ်းလိုက်တာ...နေလဲမပူဘူး ဒီလိုလေးကိုသဘောကျတယ်..."
" သဘောကျတယ်ပေါ့ လာကိုယ်တို့အထဲဝင်ကြမယ်။ "
" ဟုတ်..."
စိုင်းစစ်ကလေးငယ်ကိုဆွဲခေါ်လို့ခါးသေးသေးလေးကိုဖက်ကာသစ်ပင်တွေအုပ်ဆိုင်းနေတဲ့ခြံလေးထဲဝင်လာလိုက်သည်။သူအရင်ကဒီကိုမကြာမကြာလာလည်ဖူးပေမဲ့နောက်ပိုင်းအလုပ်တွေနဲ့မအားသဖြင့်လာလည်ဖို့တောင်မဖြစ်။
" အယ်အကိုလေးစိုင်းစစ်ပါလား မလာစဖူးလာလည်တာလားတော့်..."
" ဟုတ်ကဲ့ကြီးမေ..."
အသက်ကြီးကြီးအဒေါ်ကြီး ဒီအိမ်ရဲ့အစေခံခေါင်းဆောင်လို့ပြောစရာမလိုအောင်အရမ်းလဲတာဝန်ကျေသည်။ကြီးမေကစိုင်းစစ်နောက်ကကလေးငယ်ကိုလှည့်ကြည့်လို့စိုင်းစစ်အားပြုံးရယ်ကာ..
" သူလေးကဘယ်သူလေးလဲတော့် ချစ်စရာလေးဘဲ။ "
" ကျွန်တော့်ရဲ့အိမ်သူလေးပါကြီးမေ...တိမ်လွှာဘုန်းမြင့်တဲ့.. "
![](https://img.wattpad.com/cover/329471832-288-k307266.jpg)
ESTÁS LEYENDO
ငယ်သူမို့....ဆိုး ( completed )
Fantasía( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကောင်းမှု့တွေထပ်အဆမတန်ပိုတန်ဖိုးရှိသည်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့က...