တိမ်လွှာတစ်ယောက်ဒီနေ့အပျော်ကြီးပျော်နေတာတော့အမှန်ပင်။ဘာလို့ဆိုပါးပါးကသူကြိုက်နေတဲ့ကိုကို့အိမ်ကိုအလုပ်ကိစ္စညှိနှိူင်းဖို့သွားမလို့တဲ့လေ။တိမ်လွှာလိုက်စရာမလိုပေမဲ့လဲရခဲတဲ့အခွင့်အရေးကိုဆုပ်ကိုင်ကာပါးပါးကိုဂျစ်တိုက်လို့ကိုကို့အိမ်ကိုလိုက်လာရန်ခွင့်တောင်းရလေသည်။
" ဝါးးးးအိမ်ကြီးကအကြီးကြီးဘဲပါးပါး..."
ဧည့်ခန်းထဲဝင်လာလာချင်းအသံပိစိလေးထွက်လာတာကြောင့်စိုင်းစစ်ဧည့်ခန်းထဲမှာထိုင်နေရင်းအပေါက်ဝကိုလှည့်ကြည့်လိုက်တော့။
" ဦးလေး...အော် သားလေးလဲပါလာတာဘဲ။"
သူ့အသံကြားသည်နှင့်သူ့အဖေနောက်ကနေခေါင်းလေးပြူထွက်လာကာပြုံးပြတဲ့Varsity jacket အပြာလေးနဲ့ကောင်လေးဟာချစ်စရာကောင်းတာကိုတော့ဝန်ခံပါသည်။ဦးခင်ရွှေကအားနာသလိုလိုနဲ့စိုင်းစစ်ရှိရာကိုလျှောက်လာကာဆိုလာလေသည်။
" အားနာပါတယ်ဥက္ကဋ္ဌရယ်သားလေးကအိမ်မှာတစ်ယောက်တည်းမနေခဲ့ချင်ဘူးဆိုလို့ခေါ်လာတာပါ...အဆင်ပြေရဲ့လား။ "
" ကျွန်တော်ဒါကိုစိတ်မဝင်စားဘူးဗျ ဆိုတော့ကျွန်တော်တို့အလုပ်အကြောင်းလေးဆွေးနွေးကြရအောင်...အပေါ်ထပ်လိုက်ခဲ့ပါစာချုပ်တွေကကျွန်တော့်အခန်းမှာဘဲရှိလို့..."
" ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ။ "
တိမ်လွှာသူ့အားဂရုပင်မစိုက်ဘဲအပေါ်ထပ်ကိုတက်သွားသူအားဆူပုတ်ပုတ်ကြည့်မိသည်။လူကအချိန်ကုန်ခံပြီးလိုက်လာတာကိုကြိုဆိုမယ်မရှိဘူး။
" ငြိမ်ငြိမ်လေးနေခဲ့နော်တိမ်လွှာ...ပါးပါးအလုပ်သွားလုပ်လိုက်အုံးမယ်။ "
" ဟုတ်ပါးပါး "
ခေါင်းသာငြိမ့်လို့လက်ခံလိုက်ပေမဲ့ငြိမ်ငြိမ်နေဖို့ကိုတော့အာမမခံပါ။
" အိမ်ကြီးကလူအတိုင်းတိတ်ဆိတ်နေတာဘဲ...ဒီလောက်ငြိမ်နေရင်ငါလာနေမှာဒီအိမ်ကြီးစည်ကားမယ်ထင်တယ် ခ်ခ် "
ကိုယ့်အတွေးကိုယ်သဘောကျကာရယ်မိလို့ဆိုဖာပေါ်မှာထကာစူးစူးစမ်းစမ်းဖြင့်အိမ်အပြင်ဘက်ကိုထွက်လာမိသည်။ဖအေကငြိမ်နေဖို့ပြောတာကိုအိမ်အပြင်တောင်ရောက်သည်အထိအဖေ့စကားနားထောင်တာသူဘဲရှိမည်။
BẠN ĐANG ĐỌC
ငယ်သူမို့....ဆိုး ( completed )
Viễn tưởng( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကောင်းမှု့တွေထပ်အဆမတန်ပိုတန်ဖိုးရှိသည်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့က...