Uni
နှစ်ယောက်သားနေ့လည်စာအတူစားအပြီးပန်းခင်းကြီးတစ်နေရာကိုကားလေးနဲ့ထွက်လာလိုက်ကြသည်။ထိုနေရာကတော့နှင်းဆီပန်းခင်းကြီးတစ်ခု...ရောင်စုံအောင်လှပတဲ့နှင်းဆီပန်းတွေဟာသိပ်ကိုလှတာ...နှင်းဆီတွေကြိုက်တဲ့တိမ်လွှာဟာလဲသိပ်ကိုလှပါသည်။
" အင်းးးလေလေးကမွှေးနေရော...အေးချမ်းလိုက်တာ..."
ပန်းခင်းတွေကြားကလမ်းကြားသေးသေးလေးထဲကိုပြေးဝင်သွားကာအော်ပြောလို့တကိုယ်လုံးကိုလှည့်ပတ်နေတဲ့ကလေးလေးဟာနေရောင်အောက်မှာသိပ်လှတဲ့ပန်းကလေး။
" ကိုကိုလာဓာတ်ပုံရိုက်ကြမယ်လေ..."
" ကိုကိုရိုက်ပေးမယ် အဲ့အတိုင်းလေးနေ.. "
ဖုန်းကင်မရာလေးအားထုတ်လို့ကင်မရာကိုချိန်ကာဆိုလိုက်တော့ပန်းခင်းကြီးပါပါအောင်ခါးလေးစောင်းလို့ပါးလေးမှာအသဲပုံလက်ကလေးလုပ်လာသူလေး။
ချစ်စရာပုံလေးကိုအမီအရဖမ်းလို့စိုင်းစစ်ဓာတ်ပုံရိုက်ဖို့လဲလက်မနှေး။တစ်ပုံပြီးတစ်ပုံကလေးငယ်စိတ်တိုင်းကျရိုက်ပေးပြီးသူ့ဆီကိုပြေးလာကာသူ့ရဲ့လက်တစ်ဖက်ကိုလာဆွဲယသလေး။
" လာကိုကို...စုံတွဲပုံရိုက်ကြမယ်..."
" အာကလေးဘဲရိုက်ပါကွာ.."
" လာပါဆိုဖုန်းပေး..."
လက်ထဲကဖုန်းကိုဆွဲလုလို့အရှေ့ဘက်ကင်မရာကိုလှည့်ကာဖနြ်းလေးကိုစောင်းလို့ဓာတ်ပုံရိုက်ရန်ပြင်လာသူလေးဟာပြုံးရယ်ကာပျော်ရွှင်လို့။
" ရိုက်မယ် ၁ ၂ ၃ ချီစ့်..."
ကင်မရာထဲမဆန့်မှာစိုးလို့စိုင်းစစ်ခင်မျာခါးကိုအနည်းငယ်ကုန်းပေးလို့ကင်မရာထဲပါအောင်လုပ်ရလေသည်။နှစ်ယောက်သားဓာတ်ပုံရိုက်လို့အပြီးနှင်းဆီခင်းကြီးရဲ့ကြားကအရိပ်ရသစ်ပင်ကြီးအောက်မှာဝင်ထိုင်ကြလေသည်။
" အေးချမ်းလိုက်တာ ကိုကိုနဲ့ဒီလိုလျှောက်လည်ရတာ..."
" ကိုယ်ရောပါဘဲကွာ..."
နှစ်ယောက်သားအရိပ်ရသစ်ပင်ကြီးအောက်မှာပစ်လှဲကာပြောရင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးရယ်မိသည်။ကလေးငယ်ကကောင်းကင်ပြာပြာကြီးကိုကြည့်ကာရွေ့လျားနေတဲ့တိမ်တွေကိုငေးကြည့်လို့။
![](https://img.wattpad.com/cover/329471832-288-k307266.jpg)
أنت تقرأ
ငယ်သူမို့....ဆိုး ( completed )
خيال (فانتازيا)( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကောင်းမှု့တွေထပ်အဆမတန်ပိုတန်ဖိုးရှိသည်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့က...