Part17

35.1K 1.8K 48
                                    

Uni

တိမ်လွှာတစ်ယောက်ကျောင်းရှေ့မှာရပ်စောင့်နေတာကျောင်းလွှတ်ချိန်ကတည်းကနာရီဝက်လောက်ရှိနေလေပြီ။ဒရိုင်ဘာဘကြီးလဲရောက်မလာသလိုမျှော်နေတဲ့ကိုကိုဟာလဲရောက်မလာခဲ့။ဖုန်းဆက်ရင်လဲမအားတာနဲ့အဆူခံရမှာကြောက်လို့တိမ်လွှာမဆက်ဘဲကျောင်းရှေ့မှာသာရပ်စောင့်နေမိသည်။

ကျောင်းဝန်းထဲကျောင်းသူကျောင်းသားတွေကုန်လို့ကျောင်းတံခါးပိတ်သည်အထိတိမ်လွှာစောင့်နေပေမဲ့ရောက်မလာတာကြောင့်ကိုယ့်ဘာကိုသာလမ်းလျှောက်ပြန်ရန်စီစဥ်ရတော့သည်။

" ဟွန့် ကိုကိုကတော့ဘာတွေများအလုပ်ရှုပ်နေရတာလဲနော် ..."

ညနေဘက်မို့ရုံးပြန်သူတွေကျောင်းပြန်သူတွေရှိတာကြောင့်လမ်းမှာကလူမပျက်တာကြောင့်တိမ်လွှာသိပ်တော့မကြောက်မိ။လမ်းကလဲသိနေတာမို့ဟိုကြည့်ဒီကြည့်ဖြင့်အေးအေးလူလူသာပြန်လာမိသည်။အိမ်ရောက်ရင်တော့ကိုကို့ကိုတစ်ဝကြီးစိတ်ကောက်ပစ်အုံးမည်။

" တင်..."

ဖုန်းမတ်ဆေ့ပို့သံလေးကြောင့်ဖွင့်ကြည့်လိုက်တော့ကိုကို့ဆီက။

- ကိုယ်ကျောင်းရှေ့မှာရောက်နေတယ်လာကြိုတာနောက်ကျသွားတယ်ဆောရီးပါ-

ကိုကို့ဆီကစာကိုတိမ်လွှာဖတ်အပြီးမျက်စောင်းထိုးတဲ့အီမိုဂျီလေးကိုသာပို့လို့ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲပြန်ထည့်လိုက်သည်။အခုမှလူကိုလာပြီးတောင်းပန်နေတာစိတ်ကောက်သွားပြီ။

စိုင်းစစ်ဘာစာမှမပြန်လာဘဲအီမိုဂျီလေးတစ်ခုသာပို့လာသူကြောင့်သူ့ကိုယ်သူသာစိတ်ဆိုးမိသည်။အမြန်ကားထဲကိုပြန်ဝင်လို့ကလေးငယ်ကိုလိုက်ရှာရန်ပြင်ရလေသည်။ဒီနေ့မှမတက်ရမနေရအစည်းအဝေးရှိတာကြောင့်သွားတက်နေရတာနဲ့သူ့မှာမအား။မအားလဲဒရိုင်ဘာကိုကလေးငယ်ကိုခေါ်ခိုင်းလို့ရပေမဲ့ဒီနေ့မှသူ့ကားကစက်နိုးလို့မရတော့တာကြောင့်ဒရိုင်ဘာဘကြီးကိုခေါ်သွားရခြင်း။

တိမ်လွှာကတော့တကယ်ခြေထောက်ညောင်းနေတာအမှန်ပင်။စီးထားတဲ့ဖိနပ်လေးကိုငုံ့ကြည့်လိုက်တော့တော်တော်ညစ်ပတ်နေလေပြီ။ကိုကိုဝယ်ပေးထားတာလေးကအခုမှဘဲညစ်ပတ်သွားတော့သည်။

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now