Chapter 17

936 85 14
                                    



ညသန်းခေါင်ယံအချိန်ဖြစ်သည်။ လူတိုင်းနီးပါး အိပ်မောကျနေတဲ့ အတိတ်ဆိတ်ဆုံးအချိန်ဖြစ်၏။ ဒါပေမဲ့ ဆောင်ဟွန်းကတော့ အိပ်မပျော်နိုင်သေးဘူး။

သူ့ဘေးနားမှာ နှစ်ခြိုက်စွာအိပ်ပျော်နေသည့် ဂျယ်ယွန်းကိုအကြင်နာမျက်ဝန်းတွေဖြင့် ငေးကြည့်နေမိသည်။ Nightstandပေါ်က မီးအိမ်ရဲ့အလင်းရောင်က ခပ်ဖျော့ဖျော့။ သို့သော်လည်း ဆောင်ဟွန်းချစ်ရတဲ့ ဂျယ်ယွန်းသေးသေးလေးကို အသေးစိတ်အထိငေးကြည့်ဖို့လုံလောက်တယ်။

ဂျယ်ယွန်းလေးဟာ အရမ်းပင်ပန်းသွားပြီထင်ပါရဲ့။ ခပ်ထူထူစောင်ကြီးကို မုန့်ဖက်ထုပ်လေးလို ပတ်ထားပြီး အိပ်ပျော်နေသည်တဲ့။ နီတာရဲနှုတ်ခမ်းလေးတွေက ခပ်ဟဟပေမယ့် အမှန်အတိုင်းပြောရရင် ဂျယ်ယွန်းက အိပ်နေရင်တောင် ချစ်ဖို့ကောင်းတယ်။

ဒါလေးတွေက ဘာမှမဟုတ်သော်လည်း ဆောင်ဟွန်းသည် ဂျယ်ယွန်းကိုငေးကြည့်ပြီး ခပ်ဖွဖွပြုံးမိတယ်။ အဲ့ဒီနောက် သူ လေးလံစွာ သက်ပြင်းချမိ၏။

သူ အတတ်နိုင်ဆုံး ဂျယ်ယွန်းကိုသူ့အနားမှာနေဖို့ အစွမ်းကုန်ကြိုးစားခဲ့ပြီးပါပြီ။ သို့သော်လည်း သူသည် ဂျယ်ယွန်းလေးရဲ့နှလုံးသားလေးအပြင် အချစ်ကိုတောင်မရရှိခဲ့ဘူး။ အရင်က ယုံကြည်ချက်အပြည့်နဲ့ဖြတ်သန်းခဲ့ဖူးပေမယ့် အခုတော့ ဆောင်ဟွန်းသဘောပေါက်သွားတယ်။

'အချစ်က ရယူခြင်းမဟုတ်တဲ့ ပေးဆပ်မှု'လို့ လူတွေပြောကြတဲ့အတိုင်းပဲ ထင်ပါတယ်။ ဒီလောက်ထိအချိန်တွေကြာခဲ့တာတောင် သူတို့ကြားထဲ ဘာမှတိုးတက်မလာတဲ့အခါ ဆောင်ဟွန်းအနေနဲ့ နောက်ဆုတ်သင့်သည်။

ငယ်ငယ်ကတည်းက အမြဲတမ်းအနိုင်ရချင်နေသူဟာ အရှုံးပေးရမှာကို အမုန်းဆုံးဖြစ်တယ်။ ဒါပေမဲ့ အခုတော့ သူဟာဂျယ်ယွန်းလေးကို ကျေကျေနပ်နပ်ကြီး အရှုံးပေးလိုက်ပါပြီ။
ဆောင်ဟွန်းအတွက် ဂျယ်ယွန်းက အချစ်ဦးဖြစ်ခဲ့မယ်ဆိုရင်တောင် သူကျေနပ်ပါတယ်။ ဒီထက်ပိုပြီး ဂျယ်ယွန်းလေး စိတ်ညစ်အောင် မလုပ်ချင်တော့ဘူး။

၁၉နှစ်အရွယ်လူငယ်လေးက အများကြီး စဉ်းစားခဲ့တာမျိုး မဟုတ်သော်လည်း သူ့အတ္တတွေက ဂျယ်ယွန်းကိုမပျော်ရွှင်စေတာကို မြင်တွေ့ခဲ့ရသည်။ အစကတော့ အဆင်ပြေမှာပါလို့ ဆောင်ဟွန်းတွေးဖူးတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဂျယ်ယွန်းက သူ့အရုပ်မဟုတ်သလို၊ ဂျယ်ယွန်းကို စိတ်အကျဉ်းကျသလိုမျိုး ထိန်းချုပ်ထားလို့မရမှန်း သိခဲ့ရပြီ။

𝟭𝟵 | SungJakeWhere stories live. Discover now