Chapter 29: 𝑃𝑎𝑟𝑘𝑆𝑖𝑚'𝑠 𝐹𝑎𝑚𝑖𝑙𝑦

705 45 0
                                    





တစ်ခုတည်းသော မနက်ခင်းတွင်ဖြစ်တယ်။ ဒီနေ့က ပိတ်ရက်နေ့တစ်ရက်ပေမို့ စိတ်တိုင်းကျ အိပ်စက်နိုင်သည်။ ဒါပေမဲ့ ၃နှစ်သမီးလေး ယူရီပတ်ခ်ကတော့ မနက်စောစောထနေပါပြီ။

ကလေးလေးက သူမ၏ အိပ်ရာပေါ်မှ ကုန်းရုန်းထပြီး ဘေးက ယုန်အရုပ်လေးကိုယူ၍ အိပ်ချင်မူးတူးဖြင့် တံခါးအနားထွက်သွားသည်။ အဝါရောင် ကာတွန်းပုံပါသည့် ညအိအ်ဝတ်စုံလေးက တွန့်ကြေနေပေမယ့် ကလေးမလေးဟာ သတိမထားမိဟန်။

ဧကန်လည်း ယူရီလေးက ဆက်အိပ်မရတော့လို့ အိပ်ရာထတယ်ဆိုသော် အခုထိ အိပ်ချင်မူးတူးလေးဖြစ်နေသည်။ ကလေးမလေးက ချက်ချင်းဆိုသလိုပဲ အခန်းတံခါးကိုဖွင့်ပြီးနောက် မိဘတွေရှိတဲ့ အိပ်ခန်းသို့ လျှောက်လာခဲ့ပါတယ်။

မိဘတွေအခန်းရှေ့ရောက်တော့ တံခါးကို တဒေါက်ဒေါက်ခေါက်၍

" ဒက်ဒီ မာမီ "

" ..."

ကလေးမလေးမှာ တံခါးသာခေါက်မိသော်လည်း မိဘနှစ်ပါးကတော့ အိပ်မောကျနေတုန်းထင်ရဲ့။ ထို့ကြောင့် ပိတ်ထားတဲ့တံခါးကို အသာလေးတွန်းလိုက်ကာမှ အခန်းထဲဝင်လို့ရသွားတော့တယ်။ ယူရီလေးက အခုထိ လက်ထဲမှာ အရုပ်လေးပိုက်ကာ မိဘတွေရဲ့အိပ်ခန်းသို့ လမ်းလျှောက်လာခဲ့ပါပြီ။

အိပ်ရာထက်မှာ ဒက်ဒီကော မာမီကော အိပ်မောကျနေတာကိုမြင်နေတော့ ကလေးပိစိလေးက မြန်မြန်ပဲ လက်ထဲက အရုပ်ကိုပစ်ချလိုက်သည်။ ထို့နောက် ကုတင်ပေါ်ပြေးတက်သွားပြီး မိဘနှစ်ပါးကြားက နေရာလွတ်မှာ ဝင်အိပ်ဖို့ အားထက်သန်နေတယ်။

ယင်းကဲ့သို့သော အချိန်၌ သူ့ဖခင်ဖြစ်တဲ့ ဆောင်းဟွန်းက နိုးလာခဲ့သည်။

" အော် ဒယ်ဒီ့မင်းသမီးလေး နိုးနေပြီလား "

" ဟုတ် "

ယူရီပတ်ခ်လေးက လျင်လျင်မြန်မြန်ပဲ သူ့ဖခင်ထံပြေးသွား၍ ဖက်ထားလိုက်တယ်။ ဒါပေမဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက ဘေးမှာ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ သူ့မာမီကို ငေးကြည့်နေတုန်းပင်။

လက်သေးသေးလေးတွေက လှမ်း၍ ဂျယ်ယွန်း မျက်နှာလေးကို ထိတွေ့မလို့ ကြံရွယ်နေတုန်းမှာပဲ ကလေးမလေးဟာ ဆောင်းဟွန်းရဲ့တားဆီးခြင်းကို ခံလိုက်ရသည်။

𝟭𝟵 | SungJakeWhere stories live. Discover now