Chapter 2

1.1K 142 91
                                    



ဆောင်းဦးရာသီမို့ မနက်ခင်းက ချမ်းစိမ့်စိမ့်။ သို့သော် ဒါက နေသားကျနေပြီဖြစ်တာကြောင့် ဂျယ်ယွန်း ဘယ်လိုမှမနေပါ။ သူ့၏ထုံးစံအတိုင်း အလုပ်သွား၊ရုံးဆင်း စသဖြင့် ရိုးရှင်းသောဘဝကို ကျော်ဖြတ်ရန်သာ။

ယခုလည်း ကုမ္ပဏီမှာရှိနေပြီး Artists တွေရဲ့ တစ်လတစ်ခါ mental health အတွက် စီစဉ်ပေးနေရသည်။ အနုပညာရှင်တွေက ကုမ္ပဏီရဲ့အဓိကဖြစ်တာမို့ အထူးဂရုစိုက်ပေးရတယ်။ အထူးသဖြင့် စိတ်ကျန်းမာရေးကိစ္စတွေနှင့် ကျန်းမာရေးကိစ္စတွေအပြင် အခြားသောကိစ္စများလည်း ဒီဌာနက လုပ်ပေးရသည်။

ဂျယ်ယွန်းကတော့ မန်နေဂျာဖြစ်တာမို့ ဒီကိစ္စနှင့်အတူ တစ်ခြားကိစ္စတွေနဲ့ အလုပ်များနေဆဲ။ သူ့အလုပ်စားပွဲမှာ များပြားသော မပြီးပြတ်သေးသော အလုပ်ကိစ္စများ။ ဒါ့အပြင် Desktop ပေါ်၌ တစ်နေ့တာအချိန်ဇယား။

" ရူးချင်တာပဲ။ အခုထိ ဘဝက မပြောင်းလဲသေးဘူး "

တစ်ယောက်တည်း ညည်းတွားနေပြီး ခပ်နွေးနွေးဖြစ်နေသော ကော်ဖီကိုတစ်ငုံသောက်သည်။ အဲ့ဒီနောက် အလုပ်အတွက် မျက်မှန်အဝိုင်းလေးကိုတပ်လိုက်၍ အလုပ်ဂျပိုးလုပ်နေရပြီ။ အမှန်အတိုင်းဆိုလျှင် ဂျယ်ယွန်း အလုပ်ကိုအဲ့လောက်ထိကြိုက်မနေပါဘူး။

ဒါပေမဲ့ စားဝတ်နေရေးထက် သူလိုချင်တာတွေဝယ်ဖို့ အလုပ်လုပ်နေရခြင်းဖြစ်သည်။ စားကောင်းတာတွေစားမယ်၊ လိုချင်တာဝယ်မယ်၊ ကောင်မလေးတွေကိုအမ်းမယ် စသဖြင့် သူ့ဝင်ငွေတွေကိုပိုင်ခြားထားခြင်းဖြစ်၏။ ယခုတွင်မူ သူဟာ လက်ထပ်ရတော့မယ့် အမျိုးသားဖြစ်နေတော့ အနာဂတ်က အရင်လိုပြန်ဖြစ်မှာမဟုတ်ဘူး။ အဲ့ဒီတော့ သူ့၏ပျော်ရွှင်စရာက ယောင်ဝါးဝါးဖြစ်နေပြီ။

ထိုစဉ်မှာပင် သူ့ရဲ့ရုံးစားပွဲသို့ တစ်စုံတစ်ယောက်ရောက်လာသည်။ Artists Management ဌာနတစ်ခုတည်းမို့ ဌာနမှူးကလွဲရင် ကိုယ်ပိုင်အခန်းရှိမနေဘူး။ ဒါကြောင့် ဝန်ထမ်းလေးက အလုပ်ရှုပ်နေသော ဂျယ်ယွန်းကိုတစ်ချက်ကြည့်သည်။

" ဟို အပြင်မှာ မန်နေဂျာရှင်းမ်ရဲ့ ခင်ပွန်းလောင်းရောက်နေပါတယ်။ အဲ့တာ.."

𝟭𝟵 | SungJakeWhere stories live. Discover now