Chapter 16: Let's Divorce ⚠️

1.7K 98 7
                                    

[⚠️: အောက်ပါဇာတ်ဝင်ခန်း၌ ကလေးသူများနှင့်အသက်မပြည့်သူများ ဖတ်ရှုရန်မသင့်လျော်သော ကြမ်းတမ်းရိုင်းစိုင်းသည့် စကားလုံးများ၊ဇာတ်ဝင်ခန်းများပါဝင်သည်။ This chapter includes Spicy sense. ]


မိုးရာသီသို့ တဖြည်းဖြည်းကူးပြောင်းလာသည့်အတွက် ဒီနေ့ရာသီဥတုက တစ်နေကုန် အုံ့မှိုင်းလျက်၊ ညနေမှာတော့ မိုးတဖွဲဖွဲရွာသွန်းရုံသာရှိနေသည်။

" ဂျယ်ယွန်း ကျွန်တော့်ကိုပြောစရာရှိတယ်ဆို ဘာများလဲ "

နှစ်ဦးသား ညစာစားနေကြစဉ်တွင် ဆောင်ဟွန်းက သိလိုစိတ်ပြင်းပြစွာ မေးမြန်းလာသည်။ တကယ်လည်း ဂျယ်ယွန်းက အရေးကြီးပြောစရာရှိတယ်လို့ ဆိုထားတယ်လေ။

ထိုအခါ ဂျယ်ယွန်းသည် အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ပြီး မသက်သာဟန်ဖြင့် သက်ပြင်းချတယ်။ အဲ့ဒီနောက် လက်ထဲကဇွန်းခရင်းကို ပန်းကန်ပေါ်နေရာချ၍ ဆောင်ဟွန်းကို စိုက်ကြည့်သည်။

" ညစာစားပြီးရင်ပြောမယ် "

" ကျွန်တော် အဆင်ပြေပါတယ်။ ဂျယ်ယွန်း ဖုံးကွယ်မထားဘဲ ပြောလိုက်ပါ "

" အွန်း အဲ့တာဆိုလည်း ငါတို့ကွာရှင်းရအောင်။ အစကတည်းက တစ်ယောက်နဲ့တစ်ယောက် ကြိုက်နေကြတာမှမဟုတ်တာ။ အခုကိစ္စတွေလည်း အကုန်ပြီးပြီဆိုတော့ ငါတို့ပတ်သက်စရာမလိုတော့ဘူးထင်တယ် "

" ဂျယ်ယွန်းက အဲ့လိုထင်နေတာလား "

ဆောင်ဟွန်းသည် ခပ်အေးအေးနှုတ်ထွက်ဆိုလာပေမယ့် သူ့၏အညိုရောင်မျက်ဝန်းတွေမှာ ဒေါသအရိပ်အယောင်တွေက အထင်းသား။ သူဟာ ဂျယ်ယွန်းကို လုံးဝမကွာရှင်းနိုင်ပါ။ ဂျယ်ယွန်းက သူ့အပိုင်ဖြစ်တာကြောင့် ဒီလိုမျိုးကိစ္စကို ခွင့်ပြုနိုင်စရာအကြောင်းမရှိဘူး။

ချက်ချင်းပင် ဆောင်ဟွန်း၏ချောမောသော မျက်နှာထားက တင်းမာနေလျက် သွေးအေးအေးနဲ့ကြောက်ဖို့ကောင်းနေသည်။

မျက်နှာချင်းဆိုင်က ပြောင်းလဲသွားတဲ့ဆောင်ဟွန်းကြောင့် ဂျယ်ယွန်းမှာ ခန္ဓာကိုယ်လေး တုန်ရီသွားတယ်။ သူဟာ ဆောင်ဟွန်းထက် အသက်အများကြီး,ကြီးပေမယ့် ဘာကြောင့်ထိတ်လန့်နေမိမှန်း မသိတော့။

𝟭𝟵 | SungJakeWhere stories live. Discover now