Chapter 25

693 57 2
                                    






တစ်ခုတည်းသော ဆောင်းရာသီ၌ ပါတီကျင်းပနေသည်။ နာမည်ကြီး ခန်းမထဲတွင် ကျင်းပပြုလုပ်ပေမယ့် ကြီးကျယ်ခမ်းနားလွန်းခြင်း မရှိဘဲ ပုံမှန်ပွဲလေးပါပဲ။

ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်များ၊ အသိမိတ်တွေတစ်ချို့နှင့် မိသားစုဝင်များကိုသာ ဖိတ်ကြားထားသော အရွယ်မျိုးစုံပါဝင် ဆင်နွှဲသည့် ပါတီဖြစ်လို့နေသည်။ ပါတီ ကျင်းပသူက တစ်ခြားသူမဟုတ်တဲ့ ဂျယ်ယွန်းကလေးဖြစ်၏။

သူဟာ အိမ်ထဲမှာချည်း နေရတာကို ငြီးငွေ့လာတာကြောင့် ဒီလိုစီစဉ်ရခြင်းဖြစ်ပြီး၊ ခင်ပွန်း ဖြစ်သူ ဆောင်းဟွန်းကလည်း သူ့စိတ်တိုင်းကျ စီစဉ်ကျင်းပပေးသည်။ အချစ်ခံရတော့ ဘယ်လိုပြောရမလဲ စိတ်ချမ်းသာရတယ်၊ပျော်ရွှင်ရတယ် ဆိုပါတော့။

" ဂျယ်ယွန်း ဗိုက်ထဲက ကလေးလေးက မိန်းကလေးဆို။ နာမည်မှည့်ပြီးပြီလား "

သူ့အနားသို့ရောက်လာသော လုပ်ဖော်ပိုင်ဖက် တစ်ဦး၏မေးခွန်းဖြစ်တယ်။ ထိုသူက သူ့ရဲ့ဗိုက်ဖောင်းဖောင်းလေးကို တစ်ချက်ကြည့်ကာ ထပ်မေးပြန်ပြီ။

" သမီးလေးက ချောမယ်ထင်တယ်နော်။ ဖေဖေ နှစ်ယောက်လုံး အချောတွေပဲဆိုတော့လေ "

" အွန်း အဲ့လိုဖြစ်လိမ့်မယ်။ ပါတီလာပေးလို့ ကျေးဇူးပဲ အန်တိုနီ "

" မဟုတ်တာ ငါတို့ ဂျယ်ယွန်းဆီကို လာရမှာပဲဟာ "

အဲ့တစ်ယောက်က ပြုံးရယ်ပြီး လက်ထဲက ဝိုင်တွေကို စိတ်တိုင်းကျသောက်နေ၏။ သူလည်း ဘာရယ်မဟုတ် အလိုက်သင့်ပြုံးရယ်မိသည်။ ဒီအချိန်မှာ ဂျယ်ယွန်းနှင့် ဆောင်းဟွန်းက အတူရှိမနေ။ သူ့မိတ်ဆွေတွေနှင့် စကားပြောနေကြတာမို့ သူတို့က ခပ်လှမ်းလှမ်းသာ။

သို့ပေသည့် ဒီတိုင်းလေးလည်း အဆင်ပြေပါသည်။ အဘယ်ကြောင့်ဆိုသော် ဖိတ်ကြားထားသူတွေ ခင်မင်ရင်းနှီးသူတွေချည်းမို့ စိတ်ပူစရာမလိုဘူး။

ဒီအချိန်မှာပဲ ဂျယ်ယွန်းတို့အနားသို့ နီခီနှင့်ဆောနူတို့ စုံတွဲက ရောက်လာခဲ့တော့၏။

" အစ်ကိုဂျယ်ယွန်း ဂုဏ်ပြုပါတယ် "

" ဒါနဲ့ ကလေးလေးက ဘယ်နှစ်လရှိပြီလဲ။ နာမည်ကော ပေးပြီးပြီလား "

𝟭𝟵 | SungJakeWhere stories live. Discover now