Chapter 9

828 94 15
                                    




ဒီနေ့က ပိတ်ရက်ဖြစ်တာကြောင့် ဂျယ်ယွန်း နောက်ကျတဲ့အထိ အိပ်စက်ခဲ့သည်။ အလွန်ဆုံး မနက် ၁၁နာရီအထိဖြစ်လောက်မယ်။

ဧကန်လည်း တစ်နေကုန်အိမ်မှာ ဇိမ်ကျကျအနားယူမယ်လို့ တွေးထားတယ်လေ။ ဒါကြောင့် နိုးစက်မပေးဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် အကြာကြီးအိပ်ခဲ့သည်။ အခု အိပ်ရာထတော့ သူ့ခေါင်းတွေမူးနောက်နေပြီး နေရထိုင်ရခက်လှချည်ရဲ့။

" အာ စိတ်ညစ်လိုက်တာ "

ဂျယ်ယွန်းသည် သူ့၏မူးနောက်နေတဲ့ ခေါင်းပိုအသာဖိကိုင်ပြီး မျက်နှာလေးကရှုံ့မဲ့လျက်။ ခန္ဓာကိုယ်သေးသေးလေးနှင့် အဖြူရောင်ညအိပ်ဝတ်စုံတို့က လိုက်ဖက်ကာ သူ့ကိုချစ်စရာကောင်းစေသည်။

ဒါပေမဲ့ မာနခဲလေး ဂျယ်ယွန်းကတော့ "ချစ်စရာကောင်းတယ်" ဆိုတဲ့စကားလုံးကို လုံးဝ မကြိုက်ပါဘူး။ သူဟာ အိပ်ရာပေါ်မှ ခက်သွက်သွက်ဆင်းလာ၍ လေးတိလေးလံခြေလှမ်းတို့ဖြင့် ရေချိုးခန်းသို့ ဦးတည်ခဲ့သည်။

ထိုစဉ်မှာပင် အခန်းတံခါးဖွင့်သံကြားလိုက်ရတယ်။ အိပ်ခန်းတံခါးဖွင့်ပြီး ဝင်လာသူက ဆောင်ဟွန်းဖြစ်နေသည်။ သူက ဂျယ်ယွန်းကိုတွေ့တော့ အံ့ဩသည့်မျက်ဝန်းတွေနဲ့ ငေးကြည့်တယ်။ တကယ်တော့ တစ်စိမ့်စိမ့်ငေးကြည့်နေတာဆိုရင် ပိုလို့တောင် မှန်ပါဦးမယ်။

ချက်ချင်းပင် ဆောင်ဟွန်းက သွားစွယ်တွေပေါ်သည်အထိ ပြုံးပြ၍

" ဂျယ်ယွန်းလေး အိပ်ရေးဝရဲ့လား "

" အွန်း "

" နေ့လယ် ၂နာရီလောက်ကျရင် ကျွန်တော့်သူငယ်ချင်းတွေနဲ့ ပင်လယ်ဘက်သွားမလို့ လိုက်ဦးမလား "

" ဟင့်အင်း။ မလိုက်ချင်ပါဘူး။ မင်းတို့ဘာသာ သွားစမ်းပါ "

ဂျယ်ယွန်း သူ့ကိုခေါင်းခါပြပြီး ရေချိုးခန်းထဲသို့ ယိုင်တိယိုင်တိုင် ဝင်သွားခဲ့သည်။ မျက်လုံးလေးတွေက အိပ်ရာထစမို့ ခပ်ဖောင်းဖောင်းလေးဖြစ်နေပေမယ့် မူးနောက်နေတဲ့ ခေါင်းကိုသာ ထိကိုင်ထားမိသည်။

ကလေးသူငယ်တွေသွားတဲ့ ပင်လယ်ကမ်းခြေကို သူ(ဂျယ်ယွန်း)က ဘာလို့လိုက်သွားရမှာလဲ။ တစ်ယောက်ကိုမျှ မသိတဲ့အပြင် ဆောင်ဟွန်းနဲ့အတူရှိရမယ်ဆိုရင် ပိုလို့တောင် မသွားချင်ဘူး ။
အဲ့ဒီအစား ဂျယ်ယွန်းက တစ်နေကုန် အိမ်မှာနေပြီး Deliveryနဲ့ အစားအသောက်မှာစားကာ အပြည့်အဝ အနားယူဖို့ စီစဉ်ထားခဲ့သည်။

𝟭𝟵 | SungJakeWhere stories live. Discover now