Chapter 28: 𝙻𝚘𝚟𝚎 𝙱𝚒𝚝𝚎 🔞

1.9K 58 2
                                    




" ဒက်ဒီ မာမီ တာ့တာ "

နေ့ထိန်းကျောင်းထဲမဝင်ခင် အသွက်လေးက သူ့ဖေဖေနှစ်ယောက်ကို လက်ပြနှုတ်ဆက်သည်။ လက်သေးသေးလေး ပုစိကွေးလေးတွေက ရမ်းခါ၍ မျက်နှာကလည်းပြုံးရယ်လို့။

မသိရင် ပတ်ခ်ယူရီလေးက ကစားကွင်းသွားရလို့ သိပ်ပျော်နေတဲ့ပုံပေါ်တယ်။ စင်စစ်လည်း နေ့ထိန်းကျောင်းက ဆော့ပဲဆော့နေရတဲ့နေရာကိုး။ သူငယ်ချင်းတွေလည်းရ စိတ်ကြိုက် ဆော့ကစားဆိုတော့ ပတ်ခ်ယူရီလေး မပျော်ဘဲနေပါ့မလား။

ကလေးမလေးဟာ ပါးချိုင့်တွေပေါ်တဲ့အထိပြုံးပြီး လွယ်အိတ်သေးသေးလေးကို လွယ်ကာ ကျောင်းထဲသို့ဝင်သွားပြီ။ သူမ၏ဘေးတွင်တော့ ကလေးထိန်းဆရာမတစ်ယောက်လည်း အတူရှိသည်။

သမီးလေးက နေ့ထိန်းကျောင်းထဲရောက်သွားပြီဆိုတော့ ဂျယ်ယွန်းမှာ သမီးလေးကို ငေးကြည့်ရင်း သက်ပြင်းချမိတယ်။

" ဟူး ငါတို့ ယူရီပတ်ခ်ကလေးတောင် ထွားလာပြီပဲ "

" ဘာလို့လဲ။ ထပ်မထွားစေချင်ဘူးလား "

ဆောင်းဟွန်းသည် ခပ်ဖွဖွပြုံးလိုက်၍ အသေးလေးရဲ့ လက်ချောင်းများကို ခပ်ဖွဖွဆုပ်ကိုင်ထားတယ်။ ရာသီဥတုက ဆောင်းရာသီရောက်နေပြီမို့ နှင်းမကျသေးပေမယ့် အလွန်အေးလှသည်။

ထို့ကြောင့်လည်း သူတို့ဟာ အနွေးထည်ထူထူ၊ Long coatတွေကို ဝတ်ထားလျက်ပါ။ ဒါပေမဲ့ ဂျယ်ယွန်းနီးကတော့ ဟူဒီချစ်သူမို့ ဟူဒီထူထူကိုသာ ဝတ်ထား၏။

သူက သူရဲ့ချောမောကြည့်ကောင်းသော ခင်ပွန်းသည်ကို မော့ကြည့်ကာ

" ဆောင်းဟွန်း သမီးလေးက အရမ်းထွားလာတယ်လို့ မထင်ဘူးလား။ အရင်တုန်းကတောင် ပိစိသေးသေးလေးပဲရှိသေးတာ။ ငါ့ဗိုက်ထဲက ထွက်လာတယ်ဆိုတာ အခုထိမယုံန်ိုင်သေးဘူး "

" အဲ့တာကြောင့် မောင့်ဂျယ်ယွန်းလေးက စိတ်မကောင်းဖြစ်နေတာလား။ သမီးလေးက ဘယ်လိုပဲဖြစ်ဖြစ် အသက်ကြီးသွားလည်း မောင်တို့အမြင်မှာ ပိစိလေးပဲလေ "

" အွန်း ဒါလည်းဟုတ်တယ်နော်။ ငါလည်း အခုထိ သမီးလေးကို ပိစိလေးလို့ထင်နေတာ "

𝟭𝟵 | SungJakeWhere stories live. Discover now