Chapter 23: 𝗞𝗶𝘀𝘀𝗲𝗱 𝗮𝗻𝗱 𝗟𝗼𝘃𝗲

703 64 2
                                    




လျှင်မြန်သော နေ့ရက်အချိန်တွေကုန်ဆုံးခဲ့သလို၊ ဆောင်းဟွန်းရဲ့ နောက်ဆုံးစာမေးပွဲကြီးလည်း ပြီးစီးသွားခဲ့သည်။ ယခုဆို ဒီဇင်ဘာလသို့ ရောက်ရှိနေ၍ နှင်းတဖွဲဖွဲကျဆင်းလျက်ရှိသည်။

ညချမ်းအချိန်ဖြစ်လျင့်ကစား သူတို့စုံတွဲကတော့ အပြင်မှာ ညစာအတူတူစားဖြစ်တယ်။ ဒီတလော နှစ်ယောက်သား အလုပ်ကိုယ်စီ၊ လုပ်စရာကိုယ်စီနဲ့မို့ Date လုပ်ဖို့ အချိန်တောင်မရှိခဲ့ချေ။ သို့သော်လည်း အခုတော့ အေးအေးဆေးဆေး အတူတူအချိန်ဖြုန်းလို့ရပါပြီ။

" ဆောင်းဟွန်း ဒီနေ့က ဘာနေ့လဲသိလား "

Steak ကို ဓားနှင့်အသာအယာလှီးဖြတ်နေရင်း ဂျယ်ယွန်းက မေးလိုက်သည်။ သူ့မျက်နှာချင်းဆိုင်တွင်ရှိသော ခင်ပွန်းသည်ကတော့ ဘာဆိုဘာမှတွေးမိပုံရဘူး။ ချက်ချင်းပင် ဖြေကြားလာသည်က

" သောကြာနေ့လေ။ ဘာလို့လဲ ဂျယ်ယွန်းကလေး "

" ဒီနေ့ ဘာနေ့လဲဆိုတာ မင်းတကယ်မသိဘူးလား "

ဒုတိယအကြိမ် ဂျယ်ယွန်း ထပ်မေးလိုက်သော်လည်း ဆောင်းဟွန်းက ဘာမှမရိပ်မိပေ။ ခေါင်းခါပြပြီး သူ့အား ထူးဆန်းသလိုငေးကြည့်လာသည်။

ထိုအခါ သူ(ဂျယ်ယွန်းလေး) ပြုံးရယ်လိုက်၍ အိတ်ကပ်ထဲက စာအိတ်တစ်ခုကို ထုတ်သည်။ ယင်းစာအိတ်က ပိုက်ဆံထည့်လေ့ရှိသော စာအိတ်နှင့်တူပေမယ့် တကယ်တမ်းတော့ စာချုပ်စာတမ်းတစ်ခုသာ။

အသေးလေးသည် သူ့ရဲ့ချစ်ရစွာသော ခင်ပွန်းသည်ကို စေ့စေ့ကြည့်ပြီး အလှပဆုံးပြုံး
ယ်တယ်။

" မွေးနေ့ကို ဂုဏ်ပြုပါတယ်။ ဒါက ဘာမှမဟုတ်ပေမယ့် ယူထားလိုက်ပါနော် "

" မဟုတ်ဘူးလေ ဘေဘီ "

သူက ထိုစာအိတ်အား ဆောင်းဟွန်းကို အတင်းပေးလိုက်ပေမယ့် တစ်ဖက်က လက်ခံချင်ပုံမပေါ်ဘူး။ ချက်ချင်းပင် ဂျယ်ယွန်းကို ပြန်လည်ပေးအပ်လာသည်။

ဆောင်းဟွန်းက အနက်ရောင်ဆံပင်တွေကို သပ်တင်ထားပြီး ရိုးရိုးရှင်းရှင်း အားကစားဟူဒီနှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်ထားသည်။ ဒါပေမဲ့ နတ်ဘုရားသဖွယ် ချောမောသလို ဩဇာအာဏာအပြည့် ထင်ဟပ်နေတာမို့ ပို၍ကြည့်ကောင်းနေတယ်။

𝟭𝟵 | SungJakeWhere stories live. Discover now