Chapter 15

721 79 12
                                    


နွေရာသီမနက်ခင်း ၁၁နာရီဝန်းကျင်တွင်ဖြစ်သည်။ လက်ရှိမှာတော့ မြို့တော်တရားရုံးတွင်ဖြစ်ပြီး ဒီနေ့က တရားခံတွေကို အမိန့်ချမယ့် နေ့ရက်ဖြစ်နေတယ်။

ထို့ကြောင့် ဂျယ်ယွန်းတို့လည်း အမှုကြားနာဖို့အတွက် တရားရုံးသို့ရောက်လာခဲ့သည်။ ဒါပေမဲ့ ဒီအမှုမှာ ဂျယ်ယွန်းက တရားလိုဖြစ်ပေမယ့် ဘာလို့မှန်းမသိ ရင်တုန်မိသည်။ တစ်ခါမှ ဒီလိုနေရာတွေကို မရောက်ဘူးတဲ့အပြင် ဒီနေ့အမှုကြောင့်ကော အရမ်းစိတ်လှုပ်ရှားရတယ်။

" ဂျယ်ယွန်းလေး စိတ်မပူနဲ့။ ကျွန်တော်ရှိတယ် "

ဆောင်ဟွန်းက သူ့ရဲ့အရာအားလုံးကို သိနှင့်နေပြီးသား လူတစ်ယောက်ကဲ့သို့။ သူ့ကို အကြင်နာမျက်ဝန်းနှင့် ငေးကြည့်လာသလို အေးစက်နေသော သူ့လက်ချောင်းများကို ​ဆုပ်ကိုင်ထားသည်။

" အရမ်းစိတ်လှုပ်ရှားနေတာလား "

" မဟုတ်ဘူး။ မနေ့ညက အအေးပတ်သွားလို့ "

တကယ်တော့ ဒီနေ့မှာ ဂျယ်ယွန်းကလေး အရမ်းစိတ်လှုပ်ရှားနေတာပါ။ အမှုနိုင်မှာကို ကြိုသိထားပေမယ့် ထိုလူတွေကို ရင်ဆိုင်ဖို့ မရဲဘူး။  ဒါပေမဲ့ မာနကလည်းရှိတာမို့ ဆောင်ဟွန်းကို မုသားတွေသာ တုံ့ပြန်ခဲ့သည်။

အဲ့ဒီနောက် ဘာမှမဖြစ်သလို ဂျူဒီလူကြီးမင်းတို့၏ တင်ပြချက်ကိုကြားနာမိတယ်။ ဒီနေ့တော့ တရားရုံးမှာ ပုံမှန်ထက်များတဲ့ တရားခံတွေကြောင့် ခပ်မြိုင်မြိုင်ဖြစ်နေပြီ။

သို့သော်လည်း တရားခံတွေပြုလုပ်ခဲ့သည့် အမှုတွေကတော့ လုံးဝ ခွင့်လွှတ်စရာရှိမနေပါ။ ဂျယ်ယွန်း၏ဦးလေးကို အကြောင်းရှိရှိသတ်ဖြတ်ပြီး လေးနှစ်အရွယ်ကလေးတစ်ယောက်ကို  ၂၃နှစ်အထိ လိမ်လည်လှည့်ဖြားခဲ့သည်။ ထို့အပြင် ကြောက်ဖို့ကောင်းလောက်အောင် လူသတ်ရန်ကြံစည်မှုနှင့်အတူ စာရွက်စာတမ်းအတု စသည့်အမှုတွေကြောင့် လွတ်လမ်းမရှိတော့ဘူး။

နောက်ဆုံးမှာတရားသူကြီး၏အဆုံးအဖြတ်ကိုသာ နားထောင်လိုက်ရသည်။ ဒါကတော့ ထိုလင်မယားဟာ တစ်သက်တစ်ကျွန်းထောင်ကျပြီး သား၊သမီးတွေကတော့ ကြံရာပါအဖြစ် ထောင်အနှစ် ၅၀ချမှတ်ခံခဲ့ရတယ်။ ဒါပေမဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေကိုတော့  ကလေးသူငယ်စောင့်ရှောက်ရေး၊ လူငယ်ပြုပြင်ရေးဌာနတစ်ခုခုမှာ နေထိုင်ဖို့ အခွင့်ရရှိသည်။

𝟭𝟵 | SungJakeWhere stories live. Discover now