Chapter 19: 𝙽𝚎𝚠 𝙷𝚘𝚖𝚎

785 70 0
                                    





ဒီနေ့လည်း နောက်တစ်ကြိမ် ထပ်မံချိန်းတွေ့ကြပြန်ပြီ။ အခုနောက်ပိုင်း နှစ်ယောက်သား အဆင်ပြေပြီးနောက် အမြဲလိုလို တွေ့ဖြစ်သည်။ ဆောင်းဟွန်းရဲ့FCမှာသာမက  ဂျယ်ယွန်းရဲ့အလုပ်ခွင်အထိပင်။

သို့သော် အရင်လိုမျိုး နှစ်ယောက်သား တစ်အိမ်တည်းမှာ အတူနေ၊ အတူစားတာမျိုးတွေတော့ မရှိခဲ့ချေ။ အခုထိလည်း သူတို့တွေဟာ ဒီကိစ္စနဲ့ပတ်သတ်၍ ဘာမှ စကားမစပ်မိကြဘူး။

ဂျယ်ယွန်းသည် ကားပေါ်မှာ တစ်ယောက်တည်းရှိနေ၍ သူနဲ့ဆောင်းဟွန်းအကြောင်း တွေးနေရင်း မသိမသာပြုံးနေမိတယ်။ ထိုစဉ်မှာတင် lock မချထားသော ကားတံခါးကို တစ်စုံတစ်ယောက်က လာဖွင့်တော့သည်။

ရုတ်တရက်မို့ ထိတ်လန့်သွားတာ အမှန်။ ဒါပေမဲ့ ရင်းနှီးနေသော စကားသံကြောင့် စိတ်အေးခဲ့ရပြီ။

" ဂျယ်ယွန်းလေး မောင့်ကိုအကြာကြီးစောင့်လ်ိုက်ရလား။ အတန်းမပြီးသေးလို့ ထွက်လာလို့မရဘူး။ နည်းနည်းလေးတော့ နောက်ကျသွားတယ် "

" ဟင့်အင်း။ အဆင်ပြေပါတယ် "

" နေရာလဲမလား။ မောင့်အသည်းလေးက အပင်ပန်းခံလို့မရဘူး။ ဒီနေ့မောင် မောင်းပေးမယ် "

ဆောင်းဟွန်းက လက်ထဲက ကျောပိုးအိတ်ကို ကားနောက်ခန်းထဲ ပစ်ထည့်၍ပြောသည်။ သူ့ရဲ့ အကြည့်အလုံးစုံတို့ဟာ Driver seatမှာ ထိုင်နေသည့် ဂျယ်ယွန်းကလေးဆီတွင်သာ။

သူ့၏တစ်ဦးတည်းသောလေးဟာ ဒီနေ့မှ ပိုပိုချောလာပြီး ချစ်ဖို့ကောင်းနေသလိုပဲ။ လုပ်ငန်းစုကြီးကို ဦးစီးနေရတာကြောင့် သူ့ဂျယ်ယွန်းက စိတ်ပင်ပန်းနေမှာ သေချာတယ်။ ဒါ့အပြင် သူရဲ့ရင်သွေးလေးပါ လွယ်ထားပေးရတော့ ပို၍ပင်ပန်းနေမှာ။

ရှင်းမ်ဂျယ်ယွန်းက ခေါင်းမာတာမဟုတ်ပေမယ့် မာနကြီးတာကြောင့် သူ့ခံစားချက်ကို ဘယ်တော့မှ ထုတ်ပြောမှာမဟုတ်ဘူး။ ထို့ကြောင့်ပဲ ဆောင်းဟွန်းက အချစ်ကလေးရဲ့မျက်နှာလှလှကိုငေးကြည့်ကာ စိတ်အခြေအနေကို သုံးသပ်ရမြဲပေါ့။ ဘယ်လိုပဲဖြစ်ပါစေ သူဟာ ဂျယ်ယွန်းကလေးကို တစိမ့်စိမ့်ကြည့်နေတာကို သဘောကျသည်။

𝟭𝟵 | SungJakeWhere stories live. Discover now