Chapter 21: Romance

656 64 1
                                    

ဂျေးရဲ့ဆိုင်ဖွင့်ပွဲပါတီမှာ အချိန်ဘယ်လောက်ကြာသွားမှန်း မသိတော့ဘူး။ သူ အိမ်ပြန်ရောက်တဲ့အခါ ညမိုးချုပ်၍မှောင်ရိပ်ကျနေပြီ။ လက်ထဲက စမတ်နာရီဟာ ည ၈နာရီကို ရည်ညွှန်းနေသလို၊ အိမ်ထဲရောက်သည်နှင့် ဧည့်ခန်းကျယ်က အသံခပ်ဩဩကို ကြားလိုက်ရသည်။

" ပြန်လာတာ တော်တော်နောက်ကျတယ်နော်။ ဂျယ်ယွန်းလေး "

" မောင့်ကို ရှင်းပြချက်တွေ မပေးချင်ဘူးလား "

အိမ်မှာ အသင့်စောင့်နေသကဲ့သို့ ပတ်ခ်ဆောင်းဟွန်းက ဖတ်လက်စ,စီးပွားရေး စာအုပ်ကိုပေါင်ပေါ်တင်ပြီးနောက်၊ ဂျယ်ယွန်းသေးသေးလေးကို စေ့စေ့ကြည့်၍ပြောတယ်။

ထိုစဉ်မှာ အသေးလေးခမျှာ ခန္ဓာကိုယ်လေးတုန်ခနဲ။ suit အနက်ရောင်လေးကို စမတ်ကျကျ ဝတ်ထား၍ ချောမောသလို ချစ်ဖို့ကောင်းနေသော ဂျယ်ယွန်းက ဆိုဖာပေါ်ရှိ ဆောင်းဟွန်းကို မျက်လုံးအဝိုင်းသားနှင့် ငေးကြည့်သည်။

တကယ်လည်း ပတ်ခ်မျိုးရိုးကို ဧည့်ခန်းထဲမှာ ရှိလိမ့်မယ်လို့ မထင်ထားဘူး။ အခုကြည့် အဲ့ပတ်ခ်မျိုးရိုးက သူ့(ဂျယ်ယွန်း)ကို ဆရာကြီးစတိုင်လ်နဲ့ အထက်စီးဆန်ဆန် မေးခွန်းထုတ်နေပြီ။ သူနဲ့ ဆောင်ဟွန်းက လက်ထပ်ထားကြတာမှန်ပေမယ့် လက်ရှိမှာတော့ ကတောက်ကဆတ်ဖြစ်ထားကြတယ် မဟုတ်လား။

အဲ့ဒီနောက် ဂျယ်ယွန်းက သူ့ကိုယ်သူ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ပြီး

" ငါ့ဘာသာ အိမ်ပြန်နောက်ကျတာ ဘာဖြစ်လဲ။ ဂျေးရဲ့ပါတီသွားတယ်ဆိုတာ မင်းသိနေပြီးသားပဲ "

" ဟိုဟိုဒီဒီ လာမေးမနေနဲ့ စိတ်ပျက်စရာကောင်းတယ် "

ဆောင်းဟွန်းရဲ့မျက်ဝန်းတွေကို စေ့စေ့မကြည့်န်ိုင်ပါဘဲ သူဟာ ဒေါသထွက်နေကြောင်း တမင်ဟန်ပြတယ်။ အပေါ်ထပ် Suit လက်ရှည်ကို အသာချွတ်၍ အိမ်ပေါ်ထပ်တက်သွားရန် ပြင်ဆင်မိသည်။

စင်စစ်လည်း ဂျယ်ယွန်းမှာ ထိုအမျိုးသားနဲ့ ဘာစကားမှမပြောချင်ဘူး။ ဒါကြောင့် ဒီတလောမှာ မစ္စတာပတ်ခ်ဆောင်းဟွန်းကို စိတ်ဆိုးမာန်ဆိုးနဲ့ တုံံပြန်နေမြဲ။

𝟭𝟵 | SungJakeWhere stories live. Discover now