Chapter 22

556 68 2
                                    





အနုပညာလောက,က ပိုရှုပ်ထွေးပြီး စိတ်ရှုပ်စရာကောင်းလွန်းသည်။ အထူးသဖြင့် ယခုလို အခြေအနေမျိုးမှာဆို ခေါင်းရှုပ်၍ စိတ်ညစ်ရဆုံးအချိန်ပင်ဖြစ်၏။

သို့သော် ဂျယ်ယွန်းက SIM Entရဲ့ ဥက္ကဋ္ဌ မဟုတ်တော့တာကြောင့် နည်းနည်းခေါင်းအေးသက်သာရသည်။ ဘယ်လိုပဲဆိုဆို ဒီသတင်းက ကုမ္ပဏီကိုပါ လှုပ်ခပ်တာမို့ မျက်ခုံးတော့ ခပ်လှုပ်လှုပ်။

ကိုယ်ဝန်ဆောင်သည်ဖြစ်သော်လည်း ဂျယ်ယွန်းက လက်ထဲက ဖုန်းကိုစေ့စေ့ကြည့်ရင်း အလိုမကျစွာ သက်ပြင်းချမိတယ်။ ထို့နောက် အခန်းပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ ခပ်လှမ်းလှမ်းက ဆောင်းဟွန်းကိုတွေ့တာနဲ့ ဆိုဖာပေါ်က ထရပ်တော့သည်။ ဒါ့အပြင် ခပ်မြန်မြန် အပြေးလိုက်သွားသေးသည်။

" ဆောင်းဟွန်း ဒါဘာလဲ။ ဘာသဘောလဲ "

" ဘာကိုလဲ ဘေဘီ။ မောင် ဘာအမှားမှ မလုက်ပါဘူး "

ဆောင်းဟွန်းက စတိုခန်းထဲက ထွက်လာပြီး လက်ထဲက စာအုပ်အဟောင်းတွေကို ကိုင်ဆောင်ထားသည်။ အဲ့ဒီနောက် သူဟာ ပေါ့ပေါ့ပါးပါးပင် ဂျယ်ယွန်းကလေးကို ပြုံးပြတယ်။

စင်စစ်လည်း ဆောင်းဟွန်းက ဘာအမှားမှမလုပ်ထားတာမို့ သူ့ဘက်က လိပ်ပြာလုံသည်။ ဒါပေမဲ့ သူ့သေးသေးလေး ဂျယ်ယွန်းပ်ိစိက ဘာတွေကြောင့်များ စိတ်ဆိုးနေရပါလိမ့်။ သူ့မှာ တကယ်စဉ်းစားမရချေ။

ဒီနေ့နဲ့ဆို ဥရောပကနေ ပြန်လာတာ သုံးရက်သာရှိသေးသည်။ ဒါ့အပြင် ဒီအတောအတွင်းမှာ နှစ်ဦးသား ဆက်ဆံရေးတွေကောင်းမွန်လျက် ကြည်နူးစရာအချိန်တွေကိုတောင် အတူကျော်ဖြတ်သည် မဟုတ်ပါလား။ ဘာလို့များ ဂျယ်ယွန်းကလေး ဒေါသထွက်နေရသနည်း။

ဆောင်းဟွန်းသည် သူ့ဂျယ်ယွန်းလေးအား အသေးစိတ် စေ့စေ့ငေးကြည့်ကာ

" ဘာလို့လဲ မောင့်အသည်းလေး။ တစ်ခုခု နေထိုင်မကောင်းလို့လား "

" ရား ပတ်ခ်ဆောင်းဟွန်း။ မင်း အခုထိ မသိသေးဘူးလား။ အင်တာနက်မှာ ဒီလောက်ပွနေတာကို "

" ဘာတွေလဲ။ ကျွန်တော် မသိရသေးဘူး "

ဧကန်လည်း ဆောင်းဟွန်း မသိရသေးသလို၊ ဂျယ်ယွန်းလေး ဘာတွေပြောနေမှန်း နားမလည်ချေ။ ထို့ကြောင့် သိလိုသိငှားမေးမြန်းလိုက်တယ်။

𝟭𝟵 | SungJakeWhere stories live. Discover now