Chapter 12: 2ɴᴅ rejection

772 82 13
                                    




အိမ်နဲ့အလုပ်၊ အလုပ်နဲ့အိမ် ချည်းပဲနေရာချဖြစ်တာမို့ အခုတလော ဂျယ်ယွန်းသည် ဆောင်ဟွန်းနှင့် အဆင်ပြေပြေရှိလာပြီလို့ပြောရမယ်။ ဒါပေမဲ့လို့ ထူးထူးထွေထွေ မဟုတ်တဲ့ မိတ်ဆွေ၊သူငယ်ချင်းလို ဆက်ဆံရေးပါပဲ။

နွေရာသီကုန်ဆုံးသွားပြီးနောက် မိုးရာသီသို့ အစပြုနေပြီ။ ဒီနေ့လည်း မိုးတဖွဲဖွဲကျဆင်းလျက်ပင်။

" ဂျယ်ယွန်း ဒီနေ့အားလား "

" ဒီနေ့က ပိတ်ရက်လေ အားတာပေါ့။ ဘာမို့လို့လဲ "

" ကျွန်တော့်အဖေကို လေယာဉ်ကွင်းမှာ သွားကြိုရမှာ။ လိုက်ခဲ့ပေးပါလား "

" အာ မင်းအဖေ ဒီကိုလာတာလား။ ငါ့တောင် ကြိုမပြောဘူး ဘယ်အချိန်လဲ "

ဂျယ်ယွန်း မလိုက်ချင်ဘူးလို့ မပြောသင့်တဲ့ အနေအထားမှာရှိနေတယ်။ အဘယ်ကြောင့်ဆိုသော် ဆောင်ဟွန်းနှင့်သူက တရားဝင်လက်ထပ်ထားကြတဲ့လူတွေမို့ နှစ်ဦးနှစ်ဖက်ရဲ့ မိဘ၊ဆွေမျိုးသားချင်းတွေက သက်ဆိုင်မှုရှိတယ်။
ဒါကြောင့်ပဲ ဂျယ်ယွန်း သဘောမကျရင်တောင် သူတို့ကြားထဲက ထိုစည်းကြောင့် သဘောတူလိုက်ရသည်။

ထိုအခါ ဆောင်ဟွန်းက အခုထိတိုင်အောင် ညအိပ်ဝတ်စုံအဖြူရောင်လေးဝတ်ထားသည့် ဂျယ်ယွန်းကိုကြည့်ရင်း တပြုံးပြုံး။

" နေ့လယ်ပိုင်းလောက်မှပါ။ ၁နာရီ ၂နာရီလောက်ပေါ့ ။ ကျွန်တော် စတော်ဘယ်ရီပူတင်းလုပ်ထားတယ် စားမယ်မလား "

" အမ်။ ဘယ်တုန်းက..အာ မှတ်မိပြီ။ ဒီမနက် အလုပ်ရှုပ်နေတုန်းက အဲ့တာတွေလုပ်နေတာပေါ့ "

လှပသည့် မျက်လုံးဝိုင်းဝိုင်းလေးတွေက ဆောင်ဟွန်းကို မော့ကြည့်လာသည်။ ဂျယ်ယွန်းရဲ့ ဘာဆိုဘာမှမသိတဲ့ ပုံစံလေးက အပြစ်ကင်းစင်ပြီး ချစ်စရာအတိ။ ဧည့်ခန်းကျယ်ထဲမှာ အနားယူရင်း ရုပ်ရှင်ကြည့်၊ဂိမ်းဆော့လိုက် Online Shoppingနဲ့ ကြိုက်ရာဝယ်လိုက်နဲ့မို့ သူဟာ ဆောင်ဟွန်းကို ဂရုမစိုက်နိုင်ဘူးလေ။

ဧကန်လည်း ဂျယ်ယွန်းသေးသေးလေးက ဆောင်ဟွန်းကို လုံးဝသဘောမကျတာမို့ ထိုလူ ဘာလုပ်လုပ် ဂရုမစိုက်ခဲ့ဘူး။ ဒါကြောင့်လည်း ဆောင်ဟွန်းကို တစ်ချက်ကြည့်ပြီးနောက် ကြည့်လက်စ သိပ္ပံရုပ်ရှင်ကိုသာ ဆက်ကြည့်နေတော့တယ်။

𝟭𝟵 | SungJakeWhere stories live. Discover now