ဂျယ်ယွန်း ဆေးရုံရောက်နေတာ ၁၀ရက်ကျော်နေပြီဖြစ်ပေမယ့် အခုထိ ဆေးရုံဆင်းခွင့်မရသေးဘူး။ သူ့ရဲ့ခြေထောက်လည်း သက်သာလာစပြုနေပြီပဲကို ဘာကြောင့်များ အခွင့်မရှိရပါလိမ့်။" ငါ အိမ်ပြန်ချင်တယ်။ ခြေထောက်လည်း ကောင်းနေပြီပဲ။ နော် ဆောင်ဟွန်း "
ဆိုဖာပေါ်မှာထိုင်နေလျက် ဖုန်းကြည့်နေသော ဆောင်ဟွန်းကိုကြည့်ပြီး ဂျယ်ယွန်းနှုတ်ခမ်းလေးက ဆူထော်ထော်။ ဆောင်ဟွန်းရဲ့ဘေးမှာ ထိုင်နေပေမယ့် အငြိမ်မနေတဲ့ ဂျယ်ယွန်းရယ်ပါ။
ခြေထောက်က အရှင်းပြီးမပျောက်သေးပေမယ့် အသေးလေးကတော့ အိမ်အရမ်းပြန်ချင်နေတယ်။ ဒါတင်မကသေးဘူး နေရာအနှံ့လျှောက်လည်၍ သွားနေကျ ကလပ်ကိုလည်း ဂျယ်ယွန်းသွားချင်တယ်။
သို့ပေမယ့် သူ့နံဘေးရှိ ၁၉နှစ်သားကတော့ ဂရုစိုက်ပုံမရဘူး၊ ဖုန်းကို သဲကြီးမဲကြီးကြည့်၍ သူကိုပင် အဖတ်မလုပ်ချေ။ အဲ့ဒီတော့ သူ့(ဂျယ်ယွန်း)ခမျှာ ကျောက်တုံးနဲ့ စကားပြောနေရသလို ခံစားရသည်။
" ဟေ့ရောင် ငါပြောနေတာကို နည်းနည်းအဖတ်လုပ်စမ်းပါ "
စိတ်မရှည်တော့တာမို့ ဆောင်ဟွန်းလက်ထဲက ဖုန်းကိုဆွဲလုလိုက်တယ်။ အံ့ဩဖို့ကောင်းလောက်အောင် ဆောင်ဟွန်းက သူ့(ဂျယ်ယွန်း)ကို စိတ်ဆိုးခြင်းမရှိခဲ့ပေ။ အဲ့ဒီအစား သူ့အား စေ့စေ့ကြည့်၍
" ပြောလေ ဂျယ်ယွန်းကလေးက ဘာဖြစ်လို့လဲ "
" အာ ငါ့ခြေထောက်လေ။ အဲ့တာပြန်ကောင်းနေပြီပဲကို အိမ်ပြန်မယ် "
" ဂျယ်ယွန်းအိမ်ပြန်ချင်တာကို သိပါတယ်။ ဒါပေမဲ့ ဒီအရာတွေထက်အရေးကြီးတဲ့ဟာကို ပြောပြမှဖြစ်တော့မယ်ထင်တယ် "
" အမ် ဘာမို့လို့လဲ "
စင်စစ်လည်း ဆောင်ဟွန်း ဘာကိုပြောချင်မှန်း ဂျယ်ယွန်းတစ်ခုမှ မသိပါ။ သူ့ရဲ့ခြေထောက်ဒဏ်ရာထက် အရေးကြီးတာက ဘာများပါလိမ့်။
ထိုစဉ် ဆောင်ဟွန်းက ဂျယ်ယွန်းကိုစေ့စေ့ကြည့်ပြီးနောက် သက်ပြင်းချကာ ဆက်လက်ပြောပြသည်။
YOU ARE READING
𝟭𝟵 | SungJake
FanficSim Jaeyun is a co-ceo of SIM entertainment but his parents forced him to marry Park Sunghoon , retired professional athlete , is asshole and possessive . Language - Burmese 🇲🇲 (Zawgyi & Unicode) Type - FanFict...