Chapter 26: 𝚄𝚗𝚎𝚡𝚙𝚎𝚌𝚝𝚎𝚍 𝙶𝚞𝚎𝚜𝚝𝚜

592 51 2
                                    




" တင်းတောင် တင်းတောင် "

" တင်းတောင် တင်းတောင် "

အဆက်မပြတ် မြည်ဟည်းလာသော ခြံဝန်းရှေ့က လူခေါ်ဘဲလ်ကြောင့် ဂျယ်ယွန်း မျက်နှာရှုံ့ခနဲ။ ချောမောလှပသော မျက်နှာလေးထက်၌ အလိုမကျပုံပေါ်၍ မျက်ခုံးလေးတွေလည်း တွန့်ချိုးလျက်ရှိသည်။

လတ်တလော အိမ်မှာပဲနေဖြစ်တာမို့ ဟူဒီပွပွကြီးနှင့် ဒူးလောက်ထိဘောင်းဘီတိုကို ဝတ်ဆင်ထားသည်။ သူက စိတ်မရှည်ဟန်ဖြင့် အိမ်ထဲက အဒေါ်ကြီးတစ်ယောက်ကို အမြန်ကြည့်ခိုင်းရတယ်။ အဘယ်ကြောင့်ဆိုသော် သူ့ခမျှာ သမီးလေးကို နို့ဘူးတိုက်နေရသည်ကိုး။

" သခင်လေးဂျယ်ယွန်းရဲ့ယောက္ခမတွေရောက်လာတာပါ။ လေး၊ငါးယောက်လောက်ဖြစ်မယ်ထင်တယ် "

" အခုဆို သူတို့ခြံထဲရောက်နေပါပြီ "

အိမ်ထဲက ပန်းခြံသေးသေးလေးထဲမှာ သားအဖနှစ်ယောက် သက်တောင့်သက်သာရှိနေစဉ်  ထိုအမျိုးသမီးကြီးရောက်လာခဲ့သည်။ ဒီတော့ ဂျယ်ယွန်းလည်း အေးအေးဆေးဆေး နေလို့မဖြစ်ချေ။ ချက်ချင်းကြီး အသိတရားရသွားသလိုမျိုး  ကလေးထိုင်ခုံမှာထိုင်နေသော သမီးလေးကို အမြန်ပွေ့ချီရပြီ။

အဲ့ဒီနောက် သူသည် ခြေလှမ်းခပ်သွက်သွက်ဖြင့် ယောက္ခမတွေကို ခရီးဦးကြိုပြုဖို့ စီစဉ်ရတယ်။ အားလျော်စွာ ဒီနေ့က မိုးနည်းနည်းအုံ့တာကြောင့် အဆင်ပြေစေသည်။ ဒါပေမဲ့ အိမ်မှာ သူနဲ့သမီးလေးပဲရှိတာမို့ သိပ်တော့အဆင်မပြေနေဘူး။

ဆောင်းဟွန်းက ကျောင်းတစ်ဖက်၊ အလုပ်တဖက်နဲ့ဖြစ်လို့  သူ့ဘက်က အတင်းခေါ်ထားလို့လည်း မဖြစ်တဲ့အခြေအနေမှာ အတတ်နိုင်ဆုံး အဆင်ပြေအောင် ကြိုးစားရပါမည်။ ထို့နောက် ဂျယ်ယွန်းသည် သူ့အတွေးနဲ့သူ သက်ပြင်းချလိုက်ပြီး အိမ်ရှေ့မှာ ခရီးဦးကြိုပြုဖို့ ပြင်လိုက်တယ်။


ခပ်လှမ်းလှမ်းကနေ မဟုတ်တောင်မှ ဂျယ်ယွန်းက ဆွေမျိုးတွေကိုတွေ့တာနဲ့  အနီးနားသို့ပြေးသွားကာ ဖက်လဲတကင်း နှုတ်ဆက်သည်။

" မေမေတို့ရောက်လာမယ်လို့ မထင်ထားဘူး။ ဖုန်းဆက်ထားလည်းရရဲ့သားနဲ့။ ကျွန်တော်တို့ ပြင်ဆင်ထားမှာပေါ့ "

𝟭𝟵 | SungJakeWhere stories live. Discover now