Chapter 30: 𝗧𝗵𝗲 𝗘𝗻𝗱

936 48 6
                                    



နွေဦးရာသီက အရင်လို ပူအိုက်နေတုန်းပါပဲ။ ယင်းနည်းတူ shopping mall ထဲမှာတုန်းက ကိစ္စဟာ အခုထိတိုင် ဆောင်းဟွန်းနဲ့ဂျယ်ယွန်းတို့ကြား မဖြေရှင်းနိုင်အောင်ရှိနေသည်။

ဒီနေ့နဲ့ဆို ကမ်းခြေကနေ အိမ်ပြန်ရောက်တာ နှစ်ရက်မျှရှိနေပြီ။ ဒါပေမဲ့ အခုထိတိုင် ဆောင်းဟွန်းဘက်က ဂျယ်ယွန်းအပေါ် စိမ်းကား၍ ဘာစကားမှမပြောဘူး။

ညဆို ဘေးမှာဝင်အိပ်လိုက်မယ်၊ ပြီးရင် သမီးလေးကို ကူထိန်းပေးမယ်၊ လိုအပ်တာတွေ ကူညီမယ် ဒီလောက်ပါပဲ။ ဂျယ်ယွန်းကို အရင်ကလို နူးနူးညံ့ညံ့ ကြင်ကြင်နာနာ မဆက်ဆံတော့ဘဲ သူစိမ်းတစ်ယောက်လိုမျိုး ဆောင်းဟွန်းက ပြုမူနေတော့ ဂျယ်ယွန်းလေး စိတ်မကောင်းဖြစ်ရတယ်။

သူ သက်ပြင်းချလိုက်ပြီးနောက် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ရုပ်ရှင်ကြည့်နေသော သားအဖတွေဆီ လျှောက်လာခဲ့သည်။ ထို့နောက် ဂျယ်ယွန်းက သူ့မာနတွေကို ခဝါချ၍ ဆောင်းဟွန်းဘေးက နေရာလွတ်မှာ ဝင်ထိုင်လိုက်တယ်။

" ဟွန်း ငါတောင်းပန်ပါတယ်။ အဲ့နေ့တုန်းက တကယ်ရည်ရွယ်တာမဟုတ်ဘူး။ ငါ..ငါက မင်းကို မထိခိုက်စေချင်လို့ "

"....."

" ဆောင်းဟွန်းနီး မင်းစိတ်ဆိုးမပြေမှန်း ငါသိပါတယ်။ ဒါပေမဲ့ ငါ့ဘက်က တကယ်တောင်းပန်ပါတယ်နော် "

ဆောင်းဟွန်းရဲ့ လက်ချောင်းတွေကို အတင်းဆုပ်ကိုင်ထားပြီး သူ့ကို စေ့စေ့ကြည့်စေကာ ဂျယ်ယွန်းက အဆင်ပြေဖို့ကြိုးစားနေရသည်။ အဲ့ဒီအတောအတွင်း ဂျယ်ယွန်းသေးသေးလေးက ခွေးပေါက်ကလေးလို ချစ်ဖို့ကောင်းအောင်၊ သနားစရာလေးဖြစ်အောင် ကြိုးပမ်းနေတယ်။

သို့ပေသည့် မစ္စတာပတ်ခ်ကတော့ သူ့ကို တစ်ချက်ကြည့်ပြီးနောက် ရုပ်ရှင်ကိုသာ ပြန်ကြည့်နေသည်။ ဒါတွေကြောင့် ဂျယ်ယွန်းကလေး စိတ်တင်းလာပါပြီ။

နည်းနည်းလေးတောင်မှ မတုန်လှုပ်တဲ့ ဆောင်းဟွန်းကို သူ မုန်းလိုက်တာဆိုတာ။ အခုချိန်မှာသာ သမီးလေးသာမရှိကြည့် စိတ်ကောက်ချင်အုံးဆိုပြီး ရန်ပွဲနွှဲပစ်လိုက်မှာ။ ဒါပေမဲ့ ဒီတစ်ခါ အပြစ်ရှိသူနှင့် အမှားလုပ်သူက ဂျယ်ယွန်း ကိုယ်တိုင်ပေမို့ မျက်နှာပြောင်တိုက်ပြီး ပြန်မစွာရဲပြန်ဘူး။

𝟭𝟵 | SungJakeWhere stories live. Discover now