Chapter 1: Unexpected

3.4K 173 129
                                    



" ရှင်းမ်ဂျယ်ယွန်း ဒီကိုလာဦး "

သူအလုပ်သွားဖို့ အိမ်အောက်ထပ်ကို ဆင်း၍ ခြေချခါစပဲရှိသေးတယ် မာတာမိခင်၏ စကားသံကိုကြားလိုက်ရသည်။ ဂျယ်ယွန်း စိတ်မရှည်စွာ necktie ကို ဆွဲချမိပြီး ဆိုဖာပေါ်မှာထိုင်ချလိုက်တော့သည်။

သူ့ မိခင်ကတော့ သူ့ကိုစိုက်ကြည့်၍

" မာမီတို့ရဲ့စုန်းအနွယ်ဝင်တွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀ကျော်ကတည်းက ဘာစွမ်းအားမရှိတော့ဘူး။ အဲ့တုန်းက ဘာဖြစ်ခဲ့လဲ ဂျယ်ယွန်းသိတယ်မလား "

" အွန်း သိတယ်လေ။ မာမီပဲငယ်ငယ်က အဲ့ပုံပြင်တွေအကြောင်း အမြဲပြောပြနေတာပဲကို။ အဲ့ဇုန်းကဝေလေးက နတ်ဘုရားကိုနှောင့်ယှက်မိလို့ကျိန်စာမိသွားတာဆို "

" ဟုတ်တယ်။ ဒါပေမဲ့ အဲ့တာကပုံပြင်မဟုတ်ဘူး။ တစ်ကယ့်လက်တွေ့မှာဖြစ်ပျက်ခဲ့တာ "

ထိုသို့သော မိခင်၏စကားကြောင့် ဂျယ်ယွန်းမယုံသင်္ကာဖြစ်မိသည်။ မနက်စောစောစီးစီး ဒီလိုစကားမျိုးပြောတာ နောက်ကွယ်မှာတစ်ခုခုရှိရမည်။ သူလည်း မငယ်တော့တဲ့ အသက် ၂၇နှစ်အရွယ်မို့ လောကကြီးအကြောင်းသိနေပါပြီ။

" မာမီ ဘာကိုဆိုလိုချင်တာလဲ "

" အဲ့ဒီတစ်ယောက်ကြောင့် မာမီတို့တစ်မျိုးနွယ်လုံး ကျိန်စာသင့်ခဲ့တယ်။ ဒါပေမဲ့ ၂၀၁ယောက်မြောက်မျိုးဆက်ရဲ့အငယ်ဆုံးသား/သမီးနဲ့ နတ်ဘုရားမျိုးနွယ်ဝင်တစ်ဦးဦးရဲ့ အကြီးဆုံးမြေးတို့ လက်ထပ်လိုက်ရင် ဒီကျိန်စာပျောက်သွားမှာ။ အကယ်လို့ လက်မထပ်ခဲ့ရင် တစ်မျိုးနွယ်လုံး လကြတ်တဲ့နေမှာ အကုန်သေကုန်လိမ့်မယ် "

" မဖြစ်နိုင်တာ။ လျှောက်ပြောနေတာပဲ "

" နတ်ဘုရားတွေစီစဉ်တဲ့အရာနော် မင်းမဟုတ်ဘူးလို့ မပြောစမ်းနဲ့။ နတ်ဘုရားတွေစိတ်ဆိုးရင် မလွယ်ဘူး "

" အဲ့ဒီတော့ ကျွန်တော်က..."

" မင်း လက်ထပ်ရမှာ ဂျယ်ယွန်း "

မိခင်ဖြစ်သူက အေးအေးလူလူပြောလာသော်လည်း ဂျယ်ယွန်းကတော့ အတော်လေးစိတ်တိုနေပါပြီ။ ဘယ်လိုတောင်ရူးကြောင်ကြောင်နိုင်တဲ့ ကျိန်စာလဲ။ မသိတဲ့လူနဲ့လက်ထပ်ရမယ့် သောက်ရူးထတဲ့ အကြံကြီး။

𝟭𝟵 | SungJakeWhere stories live. Discover now