Unicode
ဦးဘုန်းမင်းညို ဘာမှပင်လုပ်ချင်စိတ်မရှိတော့။ညသန်းခေါင်ကျော်မှအိမ်ပြန်လာမိကာ ဝယ်လာသည့်အရက်များသာ ထုတ်သောက်နေခဲ့သည်။လူတွေပြောကြသည်က အရက်သောက်ရင် ရှိသမျှဝမ်းနည်းမှုတွေကို ပြေပျောက်စေသည်တဲ့။ဒါပေမယ့် သူကဘာကြောင့်ပိုပို၍သာ လွမ်းနေမိရသနည်း။ကံကိုမယုံပဲ ခွန်းတကိုယုံခဲ့သည်။အနာဂတ်အကြောင်း စဉ်းစားရင် ထိုလူသားလေးကတော့မပါမဖြစ်။
သိပ်ကိုချစ်ပေးချင်သည် သို့သော် ချစ်မပြတတ်ခဲ့တော့ သူ့အတွက်ပြန်ရသည်က စွန့်ပစ်မှု။ကိုယ်အချစ်ရဆုံးသူဟာ သူအချစ်ဆုံးသူကိုရှာတွေ့သွားခဲ့ပြီ။ကိုယ်ကတော့ အရူးတစ်ပိုင်းလိုပဲ ဖြစ်နေခဲ့သည်။သိပ်ကိုနာကျည်းမိသည်။ဘယ်လောက်တောင်ချစ်မြတ်နိုးမိခဲ့သလဲ ဒါတောင်ခွန်းတဟာတစ်ခြားတစ်ယောက်စီ စိတ်ပါသွားခဲ့သည်။အားလုံးမှာအလျော်အစားရှိသည်။သူစွန့်ပစ်ခဲ့သလို ပြန်လုပ်မည်။ပြုံးတာ ရယ်တာ မဲ့တာ အဆုံးကိုယ့်မျက်ဝန်းထဲ လှပလွန်းတဲ့ 'ခွန်း' ဘယ်လိုပုံစံမျိုးနဲ့မဆို လိုက်ဖက်လွန်းသည့် 'ခွန်း' ကိုယ်သိပ်ချစ်ရသည့် ခွန်းတ ကိုယ်မချစ်ရဲတော့တဲ့ ခွန်းတ ကိုယ်မပိုင်ဆိုင်ရတော့တဲ့ နာမ်စားလေး 'ခွန်း'..။ သိပ်ကိုချစ်သည် ဒါကြောင့် သိပ်ကိုနာကျည်းရသည်။
"ဒါမင်းအမှားတွေပဲ!"
__________________________________________
__________________________________________မောင်ဟာ ညသန်းခေါင်ကျော်မှပြန်လာပြီး မသောက်ဖူးသည့်အရက်တွေကို ၃ပုလင်းကျော်ထိသောက်နေသည်မို့ သမီးလေးအိပ်သည်ကိုစောင့်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။လှေကားမှလှမ်းကြည့်လိုက်တော့ စားပွဲပေါ်တွင်မူးပြီးမှောက်နေသည့် မောင်။အရက်သောက်သည်ကို အပြစ်မပြောလိုပေမယ့် ဒီလိုအလွန်အကျွန်သောက်နေသည့်အတွက် ထက်စန္ဒာစိတ်ပူရသည်။ဘာတွေများ ဖြစ်လာခဲ့သည်မို့လို့လဲ။
"မောင် ဘာလို့အဲ့လောက်သောက်နေတာလဲ"
မောင်ဟာ ပြန်မဖြေခဲ့ပေ။ခေါင်းလေးကို ဘေးတစောင်းထားကာ သူမကိုရီဝေဝေကြည့်နေခဲ့သည်။
"မင်း..ဘာလို့ကိုယ့်ကို ထားသွားရတာလဲ"
"ဟမ်?"

YOU ARE READING
ခွန်းတခြန္းတ(ongoing)
Lãng mạnခွန်းတ စောင့်နေရတာကို မုန်းသည်။ မတည်နိုင်တဲ့ကတိတွေကို မုန်းသည်။ ပေးသလောက် ပြန်မရနိုင်ဘူးဆိုရင် ဦးဖြစ်နေလည်း ကျွန်တော်မချစ်ချင်..။ ________________________________ ဇေ ကျုပ်ကိုစိုက်ကြည့်ပြီး ခေါ်လိုက်တဲ့ နာမ်စားလေး "မောင်"တဲ့။ ရင်ထဲကအကောင်က တစ်ဒုန်း...