ခွန်းတ(53)

685 10 6
                                    

Zawgyi

"ကိုယ် ဇေအတိတ်မမေ့ဘူးလို့ ထင်တယ်"

"ဘယ်လို...?"

မျက်လုံးလေးပြူးကာ သံရှည်ဆွဲ၍ အံ့ဩတကြီးတုံ့ပြန်လာသည့် ခွန်းတ၏အမူအရာဟာ ဦးဘုန်းမင်းညို မျှော်လင့်ထားသည့်အတိုင်းပါပင်။

"မယုံနိုင်စရာကောင်းမှန်း ကိုယ်သိတယ်။ကိုယ့်အတွက်လည်း ခန့်မှန်းချက်သာသာဘဲရှိသေးပေမယ့် သက်ဆိုင်သူဖြစ်တဲ့ ခွန်းလေးလည်း သိသင့်တယ်ထင်လို့"

"ငေါ...ငေါ...ငေါ"

ခွန်းတ:...
ဦးဘုန်းမင်းညို:....

အရေးကြီးလွန်းသည့် ကိစ္စကြောင့် ပူပန်နေကြရရှာသော ထိုသူနှစ်ဦးဟာ ပူပန်မှု၏အဓိကတရားခံဖြစ်သည့် ဇေ့၏အိပ်မောကျလျက်ဟောက်သံကျယ်ကြီးကြောင့် ပြောစကားများ ပြတ်တောက်သွားခဲ့ရသည်။

"ဟဲဟဲ..မောင်ကအဲ့တိုင်းဘဲ အိပ်ရင်ဟောက်တတ်တဲ့အကျင့်ရှိတယ်။စိတ်အနှောက်ယှက်ဖြစ်သွားရင် မောင့်အစား တောင်းပန်ပါတယ်"

ဆံပင်တွေကိုရှုပ်ထွေးအောင်ပွတ်သပ်ကာ အားနာသောဟန်ဖြင့် ဇေ့အစား ရှက်ကိုးရှက်ကန်း တောင်းပန်တိုးလျိုလာသော ခွန်းတဟာ ဦးဘုန်းမင်းညိုမျက်ဝန်းထဲဝယ် ချစ်စဖွယ်အတိ။

"ဆံပင်တွေဖွမနေနဲ့။‌အပြင်မှာပြောလို့ရလား"

ဇေအိပ်နေသည်ဖြစ်သော်လည်း ကြိုတင်ရှောင်ရှားရန်အနေဖြင့် အပြင်ထွက်ပြောမည့်ကိစ္စကို ခွန်းတဟာလည်း အလိုက်တသိဖြင့် ခေါင်းငြိမ့်ကာ နှစ်ယောက်သား အိမ်ပြင်သို့သွားကြတော့၏။

ဆောင်းကုန်ခါနီးပြီဖြစ်သော်လည်း အမှောင်ထုသည်သာ ဖုံးလွှမ်းနေသော ဤည၂နာရီ၏ အေးစိမ့်မှုသည် လျှော့တွက်၍မရပေ။

အင်္ကျီအပါးလေးသာဝတ်ထားသော ခွန်းတဟာ ထိုအအေးဒဏ်ကို ခုခံရန် လက်လေးနှစ်ဖက်ကိုပွက်လိုက် အာငွေ့လေးပေးလိုက်ဖြင့်လုပ်နေပုံမှာ ဘယ်ရယ်ကြောင့်မှန်းမသိ ဦးဘုန်းမင်းညိုအတွက် သဘောကျစဖွယ်ဖြစ်နေခဲ့သည်။

"ရော့"

အပြောနှင့်တစ်ပြိုင်နက် ကုတ်ကို‌ချွတ်ကာ ခွန်းတကိုခြုံပေးလာသဖြင့် ခွန်းတသည်လည်း လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့ရသည်။

ခှနျးတခွန်းတ(ongoing)Where stories live. Discover now