ခွန်းတ(30)

273 40 8
                                    

Unicode

"ဦး!"

"ပြောလေ ခွန်း"

"ဟီးဟီး ဒီနေ့ခွန်းကို ဇေ့စီခေါ်သွားပေးမယ်
မလားဟင် ဒဏ်ရာတွေအကုန်ပျောက်ပြီလေ"

ဒီရက်ပိုင်းခွန်းတဟာ ဦးဘုန်းမင်းညိုစီသိပ်ကပ်နေခဲ့သည်။ထိုရက်မှစ၍ နေ့စဉ်နေ့တိုင်း ဇေ့စီခေါ်သွားရန်ပြောသည်ဟာ အလုပ်တစ်ခုလို။ဒဏ်ရာတွေမပျောက်သေးလို့ မသွားရန်ပြောလျှင် မျက်ရည်လေးများဝဲလျက် ထွက်သွားတတ်သည်။ယနေ့တွင်တော့ အဒေါ်အေးအေးစီသွားကာ ဆေးလိမ်းရကျိုးနပ်သွား၍ ဒဏ်ရာတွေအရှင်းပျောက်သွားခဲ့လို့ ခေါ်သွားရန် ဆုံးဖြတ်ခဲ့သည်။

"အင်း ဒီနေ့ကိုယ်ခေါ်သွားပေးမယ်"

"ဟီးဟီး ဦးအကောင်းဆုံး(⁠人´⁠∀⁠`⁠)✧"

ကိုယ့်ကြောင့် ထိုလူသားလေးပြုံးရယ်သွားတာကို ကြည့်ရတာ ကမ္ဘာပေါ်ကအနွေးထွေးဆုံး အရာလေးပင်ဖြစ်၏။အပျော်လွန်၍ ခြံဝန်းထဲ လေယာဉ်ပျံလို‌လုပ်ကာ ပြေးလွှားနေသည့် ခွန်းတကို တစ်ယောက်ထဲပြုံးကာကြည့်နေမိသည်။
ခွန်းတအနားကိုကပ်ကာ ပြုံးရွှင်အောင်လုပ်ဖို့နည်းလမ်းလေးဟာလည်း တကယ်တော့ရိုးရှင်းလွန်းပါတယ်။
ထိုအရာဟာ 'ဇေ'။
ဇေ့ကြောင့် ပေါ်လာတဲ့ထိုအပြုံးလေးတွေကို တကယ့်ကိုမြတ်နိုးမိပါသည်။ဦးဘုန်းမင်းညိုတစ်ယောက်လဲ အလေလိုက်နေခဲ့ရာမှ ခွန်းတကြောင့်အိမ်ကပ်လာခဲ့ကာ သိသိသာသာ ‌တွယ်တာလာခဲ့သည်။ပိုင်ဆိုင်ခြင်းဆိုတာ မသက်ဆိုင်တဲ့သူ့အဖို့ ငေးနေရတာကိုနှစ်ခြိုက်လာခဲ့ကာ ရိုးအီမသွားလောက်အောင် ဒီသက်ရှိလေးပေါ်စိတ်နှစ်ထားမိသည်။

ဦးဘုန်းမင်းညိုမှာ ဘယ်သူမှမသိသော အတွေးလေးတစ်ခုရှိ၏။ဥယာဉ်မှုးတစ်ယောက် ဖြစ်ချင်သည်။ဦးဘုန်းမင်းညိုဟာ ဥယာဉ်မှုးလေးလုပ်၍ 'ခွန်းတ'ဆိုသော နှင်းဆီဖြူကလေးကို စောင့်ရှောက်မည်။'ဇေ'ဆိုသူ လိပ်ပြာကလေးကတော့ နှင်းဆီဖြူလေးနား တစ်ဝဲဝဲပေါ့။

မေတ္တာတွေ ပြန်မရလည်း
ချစ်တာတွေသိသွားယုံနဲ့ ကျေနပ်ပါတော့မည်။

"ဘယ်ချိန်သွားမှာလဲ"

စဉ်းစားနေသမျှကို ထိုအသံအေးအေးလေးက ဖျက်၏။

ခွန်းတခြန္းတ(ongoing)Where stories live. Discover now