Unicode
"မောင် ဟိုဟာစားချင်တယ်
မောင် ဒီဟာလေးလုပ်ပေး
မောင် ခွန်းဒါမနိုင်ဘူး ဆော့ပေး
မောင် ဒါစီးချင်တယ်
မောင်.....""ဗျဗျဗျ ဒီကိုတော်လေးက ကျွန်တော်မျိုးကိုနားမဒိန်းလာကျင့်နေတာလားဗျာ"
"ဟာ..ဘာလဲ မောင်ကငြိုငြင်တာလား"
ကြီးမားလွန်းတဲ့ ကစားကွင်းထဲ ခွန်းတဟာပြုံးရွှင်လို့။ခွန်းတရဲ့ကြွေရုပ်လေးလိုရုပ်ရည်ကြောင့် လူအများကြားထင်ပေါ်ကာ တစ်မူထူး၍လှပနေသည့်အတွက် လူတိုင်းကတော့ကွက်ကြည့်ကွက်ကြည့်။ဇေသဘောမခွေ့ကာ ထိုလူတွေရဲ့မျက်လုံးများအောက်မှ ခွန်းတကိုဖွက်ထားချင်မိသော်လည်း လွတ်လွတ်လပ်လပ် ပြုံးပျော်နေသည့် ခွန်းတရဲ့အပြုံးလေးတစ်ချပ်မှာ တွေးထားသမျှလွင့်စင်ကာ အသည်းယားလှသည်။သူဘာလုပ်ချင်သည်၊ ဘာစားချင်သည်၊ အကုန်ပူဆာကာ နဂိုကတည်းက ခွန်းတကိုကြည့်နေကြတဲ့လူတွေကြောင့် ဉစ္စာခြောက်နေတဲ့ဇေဟာ ဆူမိလေတော့ 'ငြိုငြင်တာလား' ဟုသည့် စကားလေးဖြင့် ပြန်၍ချေပသည်။
"မဟုတ်ရပါဘူးဗျာ..လုပ်ချင်တာသာလုပ်ပါတော့
ဟုတ်ပြီလား""ဟီးဟီး"
ဘေးနားမှ မိုးဇော်ကတော့ မျက်နှာကြီးအတင်းရွဲ့ပဲ့ကာ ဇေ့ကိုမျက်စောင်းထိုး၍ပြောသည်။
"မင်းတို့ဘာသာလုပ်ချင်တာကဟုတ်တယ် xီးလို့ငါကအကုန်လိုက်ရှင်းပေးနေရတာလား ငါထုတ်ထားသမျှလစာတွေ ခွန်းတမြိုတာနဲ့တင် အကုန်ကုန်ပြီးမွဲတော့မယ်"
"ဇော်!"
မကျေနပ်သောစကားကိုဆိုတော့ ခင်မြကတားသည်။ခွန်းတနဲ့ဇေလုပ်သမျှ သကာခံရန် ခင်မြကမိုးဇော်ကိုမှာထားခြင်းပင်..။ရန်ထောင်နေတဲ့မိုးဇော်ဟာ ချက်ချင်း360°ပြောင်းလဲသွားကာ မျက်ရည်ရွှဲလဲနဲ့ခွေးပေါက်ကြီးလို ဖြစ်သွားသည်။
"မကလဲဂျာ စိတ်မဆိုးပါနဲ့ဂျာ မကိုလက်ဆောင်လေးတွေ ဝယ်ပေးဖို့ ပိုက်ဆံမကျန်တော့မှာစိုးလို့ပါဂျာ.."
"တစ်ဂျာဂျာနဲ့ဘာဖြစ်နေတာလဲဟဲ့"
"သိဝူးလေးဂျာ"

YOU ARE READING
ခွန်းတခြန္းတ(ongoing)
Romanceခွန်းတ စောင့်နေရတာကို မုန်းသည်။ မတည်နိုင်တဲ့ကတိတွေကို မုန်းသည်။ ပေးသလောက် ပြန်မရနိုင်ဘူးဆိုရင် ဦးဖြစ်နေလည်း ကျွန်တော်မချစ်ချင်..။ ________________________________ ဇေ ကျုပ်ကိုစိုက်ကြည့်ပြီး ခေါ်လိုက်တဲ့ နာမ်စားလေး "မောင်"တဲ့။ ရင်ထဲကအကောင်က တစ်ဒုန်း...