ခွန်းတ(19)

263 38 1
                                    

Unicode

အမခင်မြတို့ဟာ ညနက်လာပြီဖြစ်၍ သူတို့အိမ်သူတို့ပြန်သွားကြပြီ။အချိန်အတော်ကြာသည်ထိ မောင့်ရင်ခွင်တွင်ငြိမ်ငြိမ်လေးသာ အိပ်နေခဲ့သည်။ညနက်၁နာရီ ထိုးသည်နှင့် မောင်အိပ်ပြီထင်ကာ မောင်မနိုးရန်သေချာဂရုစိုက်၍ထလာခဲ့သည်။အိမ်ပြတင်းပေါက်မှလှမ်းကြည့်တော့ ထိုကားဟာ ယခုထိထွက်မသွားသေး။ဦးဘုန်းမင်းညိုထိုနေရာကနေ လှမ်းကြည့်နေတာကို သူဘယ်လိုများ သတိမထားမိဘဲနေမလဲ။လွှတ်ပစ်လိုက်သည့် လက်စွပ်ဟာမောင်ပြန်ရှာပေးထား၍ စားပွဲပေါ်တွင်ညအမှောင်နဲ့အတူ လင်းလက်လျှက်။လက်စွပ်ကိုယူကာ ထိုကားစီသို့ဦးတည်ခဲ့သည်။အဝေးမှမြင်နေရသော ဦးဘုန်းမင်းညိုရဲ့အရုပ်ကြိုးပျက်သလို ဖြစ်နေတဲ့မြင်ကွင်း။ကားကိုမှီကာ လမ်းပေါ်တွင်ထိုင်နေပြီးဆေးလိပ်ဆိုမုန်းလွန်းသည့် သူဟာ ဆေးလိပ်ဘယ်နှခုလောက်သောက်နေသည်လဲမသိ လမ်းပေါ်တွင်‌တော့ ဆေးလိပ်စတွေပျံကျဲနေခဲ့သည်။ကျွန်တော့်ကိုမြင်တော့ သောက်နေသည့်ဆေးလိပ်ကိုချက်ချင်းဖုံးကာ မတ်တက်ထရပ်သည်။

"ဒါ..ဘာသဘောလဲ"

လက်စွပ်ကိုပြလိုက်တော့ လုပ်နေကျအချိုးအတိုင်း လူကိုမျက်ခုံးပင့်ကာ ကြည့်သည်။

"ဘာကို ဘာသဘောရမှာလဲ"

"ဦးနဲ့ကျွန်တော်နဲ့ကကိစ္စပြတ်နေပြီဆိုတာပြောဖူးတယ်နော် အခုဒီလက်စွပ်လာပေးတာဘာသဘောလဲလို့!ပြီးတော့ ‌ဇေ့ရဲ့အရှေ့မှာ"

မဲ့ရွဲ့ကာ ပြုံးပြသည်..။

"အဲ့တော့ဘာဖြစ်လဲ ဒီလက်စွပ်လေးမြင်တာတောင် ငါပို့မှန်းတန်းသိတယ်ဆိုတော့ မင်းကငါ့အတွက်ခံစားချက်တွေရှိနေတုန်းလား"

"ဘယ်လိုတောင်ဒီလိုစကားမျိုးပြောထွက်ရတာလဲ?ကျွန်တော့်မှာ ဦးအတွက်ဘာခံစားချက်တစ်စုံတစ်ရာမှတောင် ကျန်မနေဘူး ကျေးဇူးပြုပြီးကျွန်တော့်ရဲ့ သာယာနေတဲ့ဘဝလေးကို လာမနှောင့်ယှက်ပါနဲ့တော့ ဇေအထင်လွဲရင်ကျွန်တော်နေရခက်လိမ့်မယ်"

"ငါကတော့ သေမတတ်ခံစားနေရတာလေ မင်းကတော့အခုတစ်ခြားတစ်ယောက်နဲ့အဆင်ပြေနေတာပေါ့!ဟားဟားဟား မင်းတို့ရဲ့ဇာတ်လမ်းထဲမှာတော့ ငါကဗီလန်တစ်ယောက်ထက်မပိုခဲ့ဘူးဘဲ ကျူးလွန်သူတွေကနစ်နာသူတွေအဖြစ်ဟန်ဆောင်နေကြတာ တစ်မျိုးလေးတော့ကြည့်လို့ကောင်းတာပဲ.."

ခွန်းတခြန္းတ(ongoing)Where stories live. Discover now