Zawgyi
မြတ်နိုးရသူနှင့်အနီးကပ်စကားပြောခွင့်ရကာ မျက်နှာလေးကိုလည်း ငေးမောခွင့်ရခဲ့ရသူပီပီ အိမ်ပြန်လမ်းတစ်လျှောက် ဦးဘုန်းမင်းညို၏မျက်နှာထက် မပေါ်တာကြာပြီဖြစ်သော အပြုံးရေးရေးလေးသည် ရွှင်လန်းစွာနှင့် လောကကြီးကိုပင် အပူရှပ်စေလိမ့်တော့မည်။ကားအတွင်းရှိ သီချင်းသံငြိမ့်ငြိမ့်လေးဖြင့် ညဉ့်နက်လှသောအမှောင်ထုတောင် နွေးထွေးသောရပ်ဝန်းလေးတစ်ရပ်လို အပူတွေစိမ့်ဝင်နေစေသည်။
ကြီးကျယ်လှသော စံအိမ်ဂိတ်တံခါးဟာ ဦးဘုန်းမင်းညို၏ကားကိုမြင်သည်နှင့် ပွင့်ဟလာခဲ့သည်။
ဂိတ်တံခါးစောင့် ဦးကျော်စွေဟာ ဂိတ်ဖွင့်ရင်းတန်းလန်းနှင့်ပင် လက်တတို့တို့ဖြင့် တစ်စုံတစ်ခုကို ပြောချင်နေပုံရသော်လည်း မဝင့်ရဲသောကြောင့် ဖွင့်ဟပြောမလာချေ။
ယခုမှသတိတရလက်ပတ်နာရီကိုကြည့်မိတော့ အချိန်ဟာ ၁နာရီပင်ကျော်လို့နေပြီ။
ဦးကျော်စွေမပြောလဲ ဘုန်းမင်းညိုဟာ သိပြီးသားပင်။ထက်စန္ဒာတစ်ယောက် ဒီအချိန်ထိမအိပ်ဘဲ စောင့်နေခြင်းသာ ဖြစ်လိမ့်မည်။
ဂိုထောင်ထဲကားသွင်းပြီးသည်နှင့် စံအိမ်ဝင်းထဲသွားသောအခါ မြက်ခင်းပြင်ပေါ်တွင် အိပ်ချင်၍ခေါင်းငိုက်စိုက်နေသော်လည်း နိုးတစ်ဝက်မနိုးတစ်ဝက်ဖြင့် ထိုင်စောင့်နေပါသော ထက်စန္ဒာကိုအရင်တွေ့လိုက်ရ၏။
"ဘာလုပ်နေတာလဲ။အိမ်ထဲသွားစမ်း။မင်းလည်းကြီးလှပြီ အအေးပတ်မယ်ဆိုတာ နားမလည်ဘူးလား"
ဘုန်းမင်းညိုအသံကြားမှ ငေါက်ခနဲမတ်တပ်ထရပ်သူ ထက်စန္ဒာဟာ မျက်လုံးကိုမနည်းဖွင့်ထားရပုံပင်။
သူမအရှေ့ရှိ ထိုအမျိုးသားကိုမြင်မှ ပူပန်စိတ်များလျော့ကျသွားပုံဖြင့် လေပူများကိုထုတ်လွှတ်လိုက်လေတော့သည်။
"ထက်ကမောင့်ကိုစောင့်နေတာပါ။အချိန်လင့်နေတော့ မောင်တစ်ခုခုဖြစ်ပြီမှတ်ပြီး စိတ်ပူနေတာ"
"အေး..အခုမင်းရှေ့မှာ ငါအကောင်းကြီးရှိသေးတော့။အထဲဝင်တော့"
![](https://img.wattpad.com/cover/327819487-288-k435660.jpg)
YOU ARE READING
ခှနျးတခွန်းတ(ongoing)
Romanceခွန်းတ စောင့်နေရတာကို မုန်းသည်။ မတည်နိုင်တဲ့ကတိတွေကို မုန်းသည်။ ပေးသလောက် ပြန်မရနိုင်ဘူးဆိုရင် ဦးဖြစ်နေလည်း ကျွန်တော်မချစ်ချင်..။ ________________________________ ဇေ ကျုပ်ကိုစိုက်ကြည့်ပြီး ခေါ်လိုက်တဲ့ နာမ်စားလေး "မောင်"တဲ့။ ရင်ထဲကအကောင်က တစ်ဒုန်း...