ခွန်းတ(17)

314 40 4
                                    

Unicode

ယနေ့ဟာ ခရစ်စမတ်နေ့ဖြစ်သည်မို့ ခွန်းတခါတိုင်းထက် စောစောထကာ အရင်ရက်တုန်းက ဦးဘုန်းမင်းညိုချန်ထားခဲ့သည့် ငွေတွေဖြင့်မိဘမဲ့ဂေဟာတစ်ခုကိုလှူရန် အမခင်မြတို့နှင့်တိုင်ပင်ထားခဲ့သည်။စောစောထကာ သွားရမည်မို့ မောင့်ကိုနိုးရန်ပြင်ရသည်။

"မောင် ထတော့ အမခင်မြတို့လာခေါ်တော့မယ်"

"၅မိနစ်ပါပဲကွာ ၅မိနစ်နော်"

မျက်လုံးပင်မဖွင့်ပဲ ဆောင်ခြုံကာပြန်အိပ်နေသော မောင့်ကိုခေါင်းသာခါမိတော့သည်။ထပ်ကာထပ်ကာ နိုးသော်လည်းမရ။အိပ်ရေးပုပ်လွန်းသည်။

"မောင် တကယ်ပြောနေတာ ထတော့"

ထိုအခါမှ အီး အဲ လုပ်ကာအိပ်ရာမှ ထလာလေသည်။ထို့နောက် ဟိုဟိုဒီဒီကြည့်ကာ ကျွန်တော့်ကိုမြင်သွားသည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံးသိမ်းကြုံးဖက်၍အိပ်ရာထဲပြန်အိပ်နေပြန်သည်။

"ဟာ မောင်လွှတ်! ထမှာဖြင့်ထ မဆိုးနဲ့"

"‌စောပါသေးတယ် ပြန်အိပ်ရအောင်"

နှဖူးလေးကိုနမ်းကာ ကျွန်တော့်ကိုချော့သိမ့်သည်။ဒီလူရင်ခွင်မှာပဲလှဲကာ အိပ်ချင်မိသော်လည်း လုပ်စရာကိစ္စတွေရှိသေးသည်မို့ ထရပြန်သည်။

"ထပါတော့မောင်ရယ် အဲ့တာကြောင့်ပြောပါတယ် ညဆိုစောစောအိပ်ပါလို့ မောင်အိပ်ရေးပျက်များပြီး နေမကောင်းဖြစ်သွားမှာကို ခွန်းစိတ်ပူရတယ်"

မျက်လုံး‌များမှိတ်ထားသော်လည်း မောင့်မျက်နှာမှာပြုံးဖြီးလို့သွားခဲ့သည်။

"အာဘွားပေးရင်ထမယ်"

ကလေးဆိုးကြီးလိုလုပ်ကာ ရစ်နေသော်လည်း ခွန်းတမှာတော့ သိပ်ကိုသဘောကျရသည်။အာဘွားပေးရန် အနားကပ်သွားတော့ ဆွဲယူကာခွန်းတရဲ့တစ်မျက်နှာလုံးကို ဇေဟာလိုက်နမ်းနေခဲ့သည်။

"ခစ်ခစ် တော်တော့ ယားတယ်"

"‌တော်ဝူး တော်ဝူး မွမွ"

"ဟားဟား သွားမတိုက်ထားတဲ့ပါးစပ်ကြီးနဲ့နံတယ်"

နမ်းတာရပ်ကာ ချက်ချင်းရေချိုးခန်းထဲ ထထွက်သွား‌သော ‌မောင့်ကိုလိုက်ကြည့်နေမိသည်။ခဏအကြာပြန်ထွက်လာသောမောင်ဟာ ဖြူဝင်းနေသည့် သွား၃၂ချောင်းလုံးပေါ်အောင်ပြုံး‌ကာ ရယ်၍ကျွန်တော့်ကိုကြည့်နေခဲ့သည်။

ခွန်းတခြန္းတ(ongoing)Where stories live. Discover now