ခွန်းတ(27)

270 37 26
                                    

Unicode

"မင်းကိုတွေ့ဖို့ လူတစ်‌ယောက်ရောက်နေတယ်
ထွက်ခဲ့"

ထောင်မှုးရဲ့စကားသံအဆုံး ဖွင့်ထွက်သွားတဲ့ထောင်တံခါးလေးနောက် ဇေပါထွက်လာခဲ့သည်။
ရုံးတင်စစ်ဆေးခံမည့်သူပီပီ တစ်ခြားထောင်သားများနှင့် သီခြားနေရသော်လည်း ရင်ထဲတွင်တစ်စုံတစ်ဦးလိုနေခဲ့သည်။
သို့သော် ထိုတစ်စုံတစ်ဦးဟာ
ခွန်းတကိုဘဲ ရည်ညွှန်းသည်။
ခွန်းတကိုဘဲ ဆိုလိုပါသည်။
ခွန်းတမရှိ‌သောအရပ်ဟာ သူ့အတွက်ငရဲပင်။

တွေ့ရမည့်နေရာသို့ မရောက်သေးခင်မှာပင် ကြားနေရသည့် ဒေါက်ဖိနပ်သံတစ်ဒေါက်ဒေါက်မြည်သံဟာ စည်းချက်ညီညီထွက်ပေါ်လို့။လာတွေ့သူဟာ မိန်းမတစ်ယောက်ဘဲဆိုတာသိလိုက်သော်လည်း သူသိသည့်ခင်မြဟာ ထိုလိုလေးလေးပင်ပင် ဒေါက်ဖိနပ်တွေကိုမဝတ်တတ်ပေ။

ထောင်မှုးမှတံခါးဖွင့်ပေးလိုက်တော့ မြင်လိုက်ရသည်က အနီရောင်..။
ရဲရဲနီနေတဲ့ အဝတ်အစားနဲ့ဒေါက်ဖိနပ်တစ်စုံ။
ဦးထုပ်နီနီကိုပါဆောင်းထား၍ ဘယ်သူဘယ်ဝါမမြင်ရသော်လည်း သူသိလိုက်ပါပြီ။
ခင်သူဇာ..။

မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်ကာ ထောင်မှုးမှအပြင်ထွက်သွားတော့ တိတ်ဆိတ်နေတဲ့ခင်သူဇာဟာ စကားစပြောသည်။

"ဆေးလိပ်သောက်ဦးမလား"

ပါးစပ်တွင် ဆေးလိပ်ဖွာလျက် သူ့ကိုပါဆေးလိပ်တစ်လိပ်ကမ်းပေးလာခဲ့သည်။

"မလိုဘူး ငါဆေးလိပ်ဖြတ်ထားတယ်"

ကမ်းပေးနေတဲ့လက်တစ်စုံဟာ လေထဲတွင်ပင် ရပ်တန့်လျက်။ပြန်ဆုပ်ကိုင်ပေးမည့်သူမရှိတော့ အလိုလိုနောက်ဆုတ်ရပြန်သည်။

"ကို..နောင်တမရဘူးလား"

"ဘာအတွက်လဲ"

"ကျွန်မကိုမရွေးချယ်ခဲ့တဲ့အတွက်လေ"

ထူးဆန်းသောမေးခွန်းများအလား ဇေဟာလှောင်ပြုံးပြုံးနေခဲ့သည်။

"မင်းလာနောက်နေတာလား"

"မဟုတ်လို့လား ကျွန်မနဲ့သာဆို အနည်းဆုံးတော့
ဒီလိုထောင်ထဲမှာ နေစရာမလိုဘူး"

ခွန်းတခြန္းတ(ongoing)Where stories live. Discover now