Unicode
"ခွန်း ညနေတော့ရောက်ပြီ သက်သာရင်ဆေးရုံဆင်းမလား"
"အင်း ခွန်းလည်း ဒီမှာနေရတာအဆင်မပြေဘူး"
"ဒါဆိုကိုယ်အခန်းဆင်းမယ့်အကြောင်း သွားပြောလိုက်အုံးမယ်နော်"
"ဟုတ်"
ထွက်သွားသော ဇေကိုကြည့်ကာ ခွန်းတစဉ်းစားနေမိသည်။ခွန်းတသူ့ကိုယ်တိုင်လည်း နားမလည်နိုင်တော့ပေ။သူ၏ခံစားချက်များ ဝေခွဲမရတော့သည်မှာအမှန်ပင်။ဦးညိုကိုချစ်သည် သို့သော် ထိုအချစ်ဟာ ပူလောင်လွန်းရသည်။ဇေကိုသဘောကျသည်။သိပ်ကိုသဘောကျသည်။
ဘာလို့ ဒီလောက်သဘောကျသွားရတာလဲဆိုတာ
ပြန်တွေးမိတော့ စိတ်အေးသက်သာရှိလို့ဆိုတာ သတိထားမိသည်။ကိုယ်ကပူလောင်ပေမယ့် သူနဲ့သာဆို အေးချမ်းသွားသလို ခံစားရသသည်။
ဘယ်လောက်ဘဲ မွန်းကြပ်စရာတွေ ရှိနေပါစေ
စကားစမြည်လေးကြောင့် ပျော်ရွှင်သွားရသည်။
ဟုတ်သည်။ဒါတွေကြောင့်ဘဲ ဇေကို သဘောကျရတာဘဲ ဖြစ်လိမ့်မည်။ပစ်ထားလို့ ဂရုစိုက်ပေးတဲ့ တစ်ယောက်ကို ချစ်မိသွားရင်မမှားဘူးလို့ ခွန်းတထင်သည်။
ဂရုမစိုက်ခြင်းကို ကျွန်တော်အမုန်းဆုံးဆိုတာ
သိရက်နဲ့ ဂရုမစိုက်ခဲ့တဲ့ ဦးကိုကျွန်တော် ခွင့်လွှတ်ပေးခဲ့သလို ကျွန်တော်ပြတ်သားနိုင်သွားတဲ့ အချိန်မှာလဲ ဦးကျွန်တော့်ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်မိပါတယ်။တံခါးဖွင့်ကာဝင်လာသည့် ဇေမှာတစ်ခုခုကို ဖွက်ထားသည်ထင် လက်နောက်ပစ်ကာ ခွန်းတကိုရှက်ပြုံးလေးကြည့်နေလေရဲ့။ဘာဖွက်ထားတာလဲမေးတော့ ထုတ်ပြလာသည့် လက်စွပ်လေးနှစ်ခု။ရွှေတွေ ပလက်တီနမ်တွေမဟုတ်သော်လည်း အလွန်လှပပါသည်။
"ရော့ ကိုယ်တို့နှစ်ယောက်တူတူဝတ်ကြမယ် သူများတွေလိုဈေးကြီးတာမတတ်နိုင်လို့ တောင်းပန်ပါတယ် ခွန်း"
"မဟုတ်တာ တောင်းပန်စရာမလိုပါဘူးဗျာ ကျွန်တော်ပျော်ပါတယ်"
ဝယ်လာခဲ့သည့် လက်စွပ်လေးကို ကိုယ်တိုင်ထိုသူ၏လက်တွင် စွပ်ပေးကာဖွဖွလေးနမ်းခဲ့သည်။
"ဇေ ခင်ဗျား ကျွန်တော့်ကိုပျော်အောင်ထားပေးတာကို ကျွန်တော်သိပ်ကိုသဘောကျတာဘဲ"
![](https://img.wattpad.com/cover/327819487-288-k435660.jpg)
YOU ARE READING
ခွန်းတခြန္းတ(ongoing)
Roman d'amourခွန်းတ စောင့်နေရတာကို မုန်းသည်။ မတည်နိုင်တဲ့ကတိတွေကို မုန်းသည်။ ပေးသလောက် ပြန်မရနိုင်ဘူးဆိုရင် ဦးဖြစ်နေလည်း ကျွန်တော်မချစ်ချင်..။ ________________________________ ဇေ ကျုပ်ကိုစိုက်ကြည့်ပြီး ခေါ်လိုက်တဲ့ နာမ်စားလေး "မောင်"တဲ့။ ရင်ထဲကအကောင်က တစ်ဒုန်း...