Zawgyi
သန်းခေါင်ယံပင်ရောက်လို့နေပြီ။
သို့သော် အခန်းထဲတွင် လဲဝတ်ထားသည့် ပန်းဆီရောင် ညဝတ်အပါးလေးဖြင့် ထက်စန္ဒာမှာ ဂနာမငြိမ်စွာဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက်။စံအိမ်ရှိ အစေခံတွေမှာလဲ အနားယူချင်သော်လည်း မအိပ်သေးသော သူတို့သခင်မကြောင့် အထိန်းတော်၏အမိန့်ဖြင့် အိပ်ချင်စိတ်ကို တွန်းလှန်ကာ စောင့်ပေးနေရသည်။အသည်းအသန် တွေးတောနေသော ထက်စန္ဒာ၏ စိတ်ထဲတွင်တော့ ထိုအစေခံများမှာ ဖုန်မှုန့်လောက်တောင် နေရာမရှိပေ။
"မေမေ..ဘာလို့မအိပ်သေးတာလဲ"
ထက်စန္ဒာ၏ခြေသံတွေကြောင့် နိုးလာသော ထားသဇင်လေးမှာ အိပ်ချင်စိတ်ကြောင့် ဝိုင်းစက်နေသော မျက်လုံးလေးများက မပွင့်တပွင့်လေးဖြစ်နေတော့သည်။
"ဘာလို့အခန်းထဲကထွက်လာတာလဲ"
"မေမေ့ကိုစိတ်ပူလို့"
သမီးလေး၏ စကားကြောင့် သူမရင်ထဲမှ စိုးရိမ်စိတ်တွေ အနည်းငယ်မှိန်ပျသွားတာတော့ အမှန်ပင်။သမီးလေးကို ချီကာ "ထားထားအခန်း ဘယ်သူမှမဝင်ရ!" ဆိုပြီး ခေါင်းစဉ်တပ်ထားသော အခန်းတံခါးကိုဖွင့်၍ ဝင်လာလိုက်သည်။
ရင်ခွင်ထဲမှ ထားသဇင်လေးမှာတော့ နဂိုကတည်းက အိပ်ချင်နေသဖြင့် သူမအမေ၏ ရင်းနှီးလှသော ကိုယ်ငွေ့လေးမှထွေးပိုက်ခံထားရတော့ ရင်ခွင်ထဲမှာပင် အသက်ရှုသံမှန်မှန်လေးဖြင့် အိပ်သွားရှာသည်။
အိပ်ရာပေါ်သို့ ငြင်သာစွာ ချပေးကာ သူမလည်းထားသဇင်ဘေးတွင် ဘေးတစောင်းဖြင့် အုပ်မိုးကာ ထားသဇင်လေး၏ နှဖူးပေါ်တင်ကျနေသော ဆံနွယ်နုနုလေးတွေကို ဖယ်ပေးနေခဲ့သည်။
မိုးတွေစရွာလာသည်။
သမီးလေးအေးမှာစိုး၍ ဆောင်ခြုံပေးထားလိုက်ပြီး သူမပါဝင်အိပ်၍ သမီးလေးကို ရင်ခွင်ထဲထည့်ထားလိုက်သည်။သူမရင်ခွင်ထဲရှိ သမီးလေးမှာ အမေဖြစ်သူ၏ ကိုယ်ငွေ့နွေးနွေးလေးကိုရတော့ အိပ်နေတာတောင် ပြုံးယောင်သန်းနေတော့သည်။ပူပန်သောကရောက်နေတာကလွဲ၍ ဘာမှလုပ်စရာမရှိသော သူမအတွက် သမီးလေး၏ အိပ်ပျော်နေသော မို့အစ်အစ်မျက်နှာလေးကိုသာ တစိမ့်စိမ့်ထိုင်ကြည့်နေလိုက်တော့သည်။
![](https://img.wattpad.com/cover/327819487-288-k435660.jpg)
YOU ARE READING
ခှနျးတခွန်းတ(ongoing)
Roman d'amourခွန်းတ စောင့်နေရတာကို မုန်းသည်။ မတည်နိုင်တဲ့ကတိတွေကို မုန်းသည်။ ပေးသလောက် ပြန်မရနိုင်ဘူးဆိုရင် ဦးဖြစ်နေလည်း ကျွန်တော်မချစ်ချင်..။ ________________________________ ဇေ ကျုပ်ကိုစိုက်ကြည့်ပြီး ခေါ်လိုက်တဲ့ နာမ်စားလေး "မောင်"တဲ့။ ရင်ထဲကအကောင်က တစ်ဒုန်း...