{Zawgyi}
"ကျေးဇူးတင်ပါတယ်"
ခွန်းတနဲ့ဇေနှစ်ယောက်လုံး ဦးဘုန်းမင်းညိုကို ကျေးဇူးတင်ခဲ့သည်။ဇေထောင်ထဲတွင်ရှိခဲ့သမျှတစ်လျှောက်လုံး ခွန်းတကိုစောင့်ရှောက်ပေးခဲ့တဲ့အတွက်ပေါ့။ဦးဘုန်းမင်းညိုဟာ ရုပ်တည်ကြီးဖြင့် ခေါင်းငြိမ့်ကာကျေးဇူးတင်ခြင်းကို ခံယူသည်။ရင်ထဲတွင်တော့ ကမ္ဘာပျက်နေတာ လူမသိစေချင်ခဲ့။ထက်စန္ဒာကတော့ သူတို့ကိုထွက်တောင်မကြည့်ပေ။
ထိုစဉ်ဦးဘုန်းမင်းညို၏ ခြေထောက်အနောက်မှ ခေါင်းသေးသေးလေးဟာ တိတ်တခိုးကြည့်နေကာ ခဏကြာဝော့ ခွန်းတစီသို့ကိုယ်သေးသေးလေးဟာ ပြေးလာတော့သည်။
"ကိုကြီးဘယ်သွားမလို့လဲဟင်"
"ကိုကြီးအိမ်ပြန်တော့မှာ"
ထိုသို့ဆိုတော့ မျက်ရည်ကလေးများဝဲလျက် ခွန်းအင်္ကျီစကို မလွှတ်တမ်းကပ်တွယ်ကာ ဆွဲ၏။
"ဘာလို့ပြန်မှာလဲ မပြန်ရဘူး!
ကိုကြီးကိုနှင်းဆီပန်းလက်ဆောင်ပေးခဲ့တယ်လေ
အဲ့တာကြောင့် ဒီမှာဘဲနေရမယ်"ပြောလို့မရအောင် ဂျီကျနေသည့် ထားသဇင်ကို ဦးဘုန်းမင်းညိုကငြင်သာစွာ သူ့ဘက်သို့ဆွဲယူလိုက်သည်။
"လွှတ်!ကိုကြီး ဘယ်မှမသွားရဘူး ဗြဲ.."
"သမီး..အဖေဘာပြောထားလဲ
တစ်ကိုယ်ကောင်းမဆန်ရဘူးလို့ ပြောဖူးတယ်နော်""ဒါ..ဒါပေမယ့် ဟင့်"
"ဘာဒါပေမယ့်မှမလုပ်နဲ့ သမီးအနားကိုကိုကြီးကိုနေစေချင်သလို ကိုကြီးကလည်းသူချစ်တဲ့သူနားနေချင်မှာဘဲလေ ကိုကြီးခွန်းတဘက်ကလည်း စဉ်းစားကြည့်အုံးကွယ့်"
ထားသဇင်ဟာ တိတ်တိတ်ကလေးသာ ငြိမ်လျက်။ခဏကြာတော့ ခွန်းတစီသို့အပြေးကလေးလာကာ လက်ကိုမမှီမကမ်းလှမ်းဆွဲ၍ မျက်နှာငယ်လေးဖြင့် တောင်းပန်ရှာသည်။
"ကိုကြီး..သမီးကိုမမုန်းပါနဲ့နော်
သမီးတစ်ကိုယ်ကောင်းဆန်သွားတယ်""မုန်းစရာလား ဒီအိတုံလေးကို
ချစ်လို့တောင်မဝသေးတာ"အပြောနှင့်တပြိုင်နက် ပါးကလေးကိုနှုတ်ခမ်းလေးနစ်ဝင်တဲ့ထိ နမ်းလိုက်သည်။
![](https://img.wattpad.com/cover/327819487-288-k435660.jpg)
YOU ARE READING
ခှနျးတခွန်းတ(ongoing)
Romanceခွန်းတ စောင့်နေရတာကို မုန်းသည်။ မတည်နိုင်တဲ့ကတိတွေကို မုန်းသည်။ ပေးသလောက် ပြန်မရနိုင်ဘူးဆိုရင် ဦးဖြစ်နေလည်း ကျွန်တော်မချစ်ချင်..။ ________________________________ ဇေ ကျုပ်ကိုစိုက်ကြည့်ပြီး ခေါ်လိုက်တဲ့ နာမ်စားလေး "မောင်"တဲ့။ ရင်ထဲကအကောင်က တစ်ဒုန်း...