ခွန်းတ(23)

241 36 1
                                    

Unicode

"ဟူးးး"

"ဘာတွေသက်ပြင်းချနေတာလဲ မောင်ရဲ့"

အလုပ်မှပြန်ရောက်ကတည်းက ခဏခဏသက်ပြင်းချနေသော ဇေ့ကြောင့်ခွန်းတစိတ်ပူကာမေးသည်။

"ဘာမှမဟုတ်ပါဘူး ခွန်းရယ် အိပ်တော့လေ"

"မောင်ကညအထိအလုပ်တွေပင်ပင်ပန်းပန်းလုပ်နေရတာကို ခွန်းကဘယ်လိုလုပ်အိပ်ပျော်မှာလဲ လာမောင့်ကိုနှိပ်ပေးမယ်"

ခွန်းတနှိပ်ပေးနေသည်ကို ငြိမ်ငြိမ်လေးသာနေ၍ စဉ်းစားနေမိသည်။ဒီရက်ပိုင်းအတော့်ကိုပင်ပန်းရပါသည်။ဟိုတစ်ခါရန်ဖြစ်ကထဲက ဆိုင်ရှင်ကအလုပ်ထုတ်ပြီးနောက် တစ်ခြားအလုပ်တွေမှာဝင်လုပ်သော်လည်း ဟိုလူတွေရဲ့နှောင့်ယှက်မှုကြောင့် ၁ပတ်မပြည့်ခင်အလုပ်ထွက်ရသည်။ခုဆိုညမိုးချုပ်တဲ့အထိအလုပ်လုပ်နေရကာ ခွန်းတကအိမ်မှာတစ်ယောက်ထဲနေနေရတတ်သည်။ဒီလိုတွေဖြစ်နေလို့ ထိုဂတုံးကိုရိုက်ခဲ့ရသည်ကို နောင်တရမည်မဟုတ်ပေ။

"မောင်"

"အွန်း ပြောလေခွန်း"

"မောင် ဘာတွေဖြစ်နေတာလဲဟင် ဒီရက်ပိုင်း
မောင့် မျက်နှာသိပ်မကောင်းဘူး"

"ဘာမှမဟုတ်ပါဘူးဆို ခွန်းရာ"

နှိပ်ပေးနေသည်ကိုရပ်ကာ အနောက်မှနေ၍ ဇေရဲ့ကျောပြင်ကျယ်ကြီးကိုသိုင်းဖက်သည်။

"တစ်ခုခုဖြစ်နေရင်ပြောပါမောင်ရယ် ‌မောင်နဲ့အတူခံစားဖို့ခွန်းရှိတယ်ဆိုတာ မမေ့ပါနဲ့"

"အင်းပါ ခွန်းရယ်
ဟော ဘာလို့မျက်ရည်လွယ်နေရတာလဲ"

အနောက်လှည့်ကာကြည့်တော့ မျက်ရည်စလေးတွေတစ်ဝဲဝဲနဲ့မို့ အသာအယာသုတ်ပေးကာ ရင်ခွင်ထဲထည့်ထားပေးသည်။ပင်ပန်းနေရသမျှကိုလည်း ခွန်းတကိုမသိစေချင်။ဘာမှမဟုတ်ဘဲ ခွန်းတပါပင်ပန်းရလိမ့်မည်။ဘယ်လောက်ပဲကံတရားဟာ သူ့အပေါ်ရက်စက်နေပါစေ သူ့ဘေးမှာသာခွန်းတရှိရင် ဇေဟာအောင်နိုင်သူပင်။

"မငိုနဲ့တော့နော် လာ ကိုယ်ပုံပြင်ပြောပြမယ်"

"ခွန်းကကလေးမှမဟုတ်တာ"

ခွန်းတခြန္းတ(ongoing)Where stories live. Discover now