ခွန်းတ(38)

233 39 28
                                    

Unicode

"ဘော့စ် ခိုင်းထားတဲ့ဟာ ရပါပြီ"

လက်ထောက်အတွင်းရေးမှုးမှ ပေးလာတဲ့ စာရွက်စာတမ်းတွေကို ယူကာ ကြည့်တော့ စာရွက်ထိပ်တွင် လှပလွန်းတဲ့ အမျိုးသမီးတစ်ယောက်ပုံဟာ ထင်ရှားစွာ ပေါ်လွင်နေခဲ့သည်။

နက်မှောင်လှသော ဆံကေသာမှာ လမိုက်ညထက်ပင် ပိုနေခဲ့ပြီး မျက်နှာနုနုထက် မိတ်ကပ်အချို့ကို လိမ်းခြယ်ထားသည်။ပုံစံကြည့်ယုံနှင့် မိန်းမငယ်လေးတစ်ဦးမှန်း သိသာပေသည်။

သူမနေရာတွင် ထက်စန္ဒာဖြစ်နေခဲ့မှာကို သူအလွန်စိုးရိမ်နေခဲ့သော်လည်း ထိုမိန်းကလေးမျက်နှာကို မြင်လိုက်ရချိန်တွင်တော့ မဟုတ်ခဲ့သဖြင့် ဦးဘုန်းမင်းညိုရင်ထဲမှ အလုံးကြီးကျသွားရတော့သည်။ဘယ်လောက်ပဲ အမြင်မကြည် ၊ မုန်းနေပါစေ ထက်စန္ဒာဟာ သူပထမဆုံး ချစ်မိခဲ့သူမို့ ဆိုးဝါး‌တာတွေ မဖြစ်စေချင်တာတော့ အမှန်ပင်။

"ဘောစ့် သူမနာမည်က ခင်သူဇာလို့ ခေါ်ပါတယ်။သူမမိဘတွေကတော့ နိုင်ငံခြားမှာလို့ သိရပါတယ်။ဒီကိုတစ်ယောက်ထဲ လာခဲ့တာပါ"

ဦးဘုန်းမင်းညို စာရွက်တစ်မျက်နှာစီကို သေချာကြည့်ရှုကာ စဉ်းစားနေမိသည်။သူမမိဘတွေဟာ ချမ်းသာသော်လည်း သူ့ကိုမယှဉ်နိုင်ယုံတင်မက သူမျက်လုံးထဲတွင်တော့ ထိုမိသားစုဟာ ဖုန်မှုန့်သာသာပင်။ဒါတောင် ဘာကိစ္စကြောင့်နှင့် နှောင့်ယှက်ရဲနိုင်တာလဲဆိုတာ စဉ်းစားနေစဉ် လက်ထောက်အတွင်းရေးမှုး ထပ်ပြောလာသည့် စကားတွင် အရာရာ အဖြေရသွားခဲ့သည်။

"ပြီးတော့..သူမက 'ဇေ' ဆိုသူကောင်ကလေးရဲ့ ရည်းစားဟောင်းပါ"

အဟက်*

မဲ့ပြုံးတစ်ချက်ဖြင့် ထိုမိန်းကလေးရဲ့ ဓာတ်ပုံကို ကြည့်လျက် သရော်လိုက်သည်။လက်စသတ်တော့ သူမ ပစ်မှတ်ထားနေသည်ဟာ ခွန်းတကိုပင်။

"သတင်းကို ဖုံးခိုင်းထားတာရော?"

"လုပ်ပြီးပါပြီ"

"အဲ့အကြောင်းကို ပြောနေတဲ့သူတွေတွေ့ရင် တစ်သက်စာ အကောင့်ပိတ်သိမ်းလိုက်"

"ဟုတ်ကဲ့ပါ ဘော့စ်"

"မင်းသွားလို့ ရပြီ"

"ဟုတ်ကဲ့"

ခွန်းတခြန္းတ(ongoing)Where stories live. Discover now