ခွန်းတ(22)

224 37 6
                                    

Unicode

‌ပြတင်းပေါက်မှမျက်နှာ‌ပေါ်သို့ကျရောက်လာတဲ့ အလင်းရောင်စူးစူးကြောင့် ခွန်းတမျက်မှောင်ကြုတ်ကာ အိပ်ရာထလိုက်သည်။ဘေး‌တွင်တော့မောင်ကမရှိတော့။နာရီကိုကြည့်မိတော့ မနက်၁၀နာရီပင်ထိုးတော့မည်။သူတို့နှစ်ယောက် ညကအပျော်တွေဖန်တီး(တစ်ဂျိန်းဂျိန်း🌚✨)တာများသွားသည်ထင်သည်။မောင့်နေ့လည်စာလုပ်ဖို့အတွက် ဈေးသွား၍ အိမ်တွင်ဟင်းချက်စာအုပ်အညွှန်းကြည့်ကာ ဟင်းချက်သည်။နေ့လည်စာအတွက်ထုတ်ပိုးပြီးနောက် ဟင်းအနံ့တွေစွဲနေသည့်အတွက် ရေမိုးချိုးရန်ပြင်သည်။ထို့နောက်မောင့်အလုပ်စီသို့ အပြုံးလေးဖြင့်ပျော်ရွှင်စွာသွားမည်..။

မောင်နဲ့ကျွန်တော်အတူနေထိုင်လာသည်မှာ ယနေ့နှင့်ဆိုလျှင်၅နှစ်နီးပါးပင် ရောက်တော့မည်။၅နှစ်အတွင်းလဲ‌မောင်ကအလုပ်ကြိုစားကာ ကျွန်တော်ကအိမ်မှုကိစ္စကိုတာဝန်ယူရသည်။မောင့်ကျေးဇူးကြောင့်ပဲ အရင်တိုက်ခန်းလေးမှပြောင်းရွှေ့ကာ ကိုယ်ပိုင်နှစ်ထပ်အိမ်လေးပင်ပိုင်ဆိုင်ခဲ့ရသည်။နေ့စဉ်နေ့တိုင်း မောင့်အလုပ်စီသွားကာဂရုစိုက်ပေးပြီး ကျန်တဲ့အချိန်တွေမှာအိမ်မှာမွေးထားတဲ့ကြောင်နှစ်ကောင်ကိုဂရုစိုက်ပေးသည်။ပျင်းလျှင်လဲအမခင်မြတို့စီသွားလည်ကာ နေ့ရက်တိုင်းဟာ‌ငြီးငွေ့ဖွယ်မရှိ။အေးချမ်းလှသည်။

စားသောက်ဆိုင်တစ်ဆိုင်တွင်ရပ်လိုက်ကာ အထဲမဝင်သေးဘဲမောင့်ကိုအရင်ရှာသည်။ဟော..ပြောရင်းဆိုရင်း ကျွန်တော်‌ရှာတာကိုမောင်ကအရင်တွေ့သွားသည်ထင် ကျွန်တော်သိပ်သဘောကျရသောအပြုံးလေးဖြင့် လက်လှမ်းပြနေသည်။မောင်ဟာဒီစားသောက်ဆိုင်လေးရဲ့စားပွဲထိုးတစ်ယောက်ဖြစ်သည်။‌ဆိုင်လေးဟာမခမ်းနားသော်လည်း သိပ်လဲညစ်ပတ်မနေ။ရိုးရိုးရှင်းရှင်းဖြင့် အေးချမ်းသည့်နေရာလေးပင်။ဆိုင်ထဲဝင်လိုက်တော့ ဆိုင်ရှင်ကပါနှုတ်ဆက်သည်။မောင်ဒီမှာအလုပ်လုပ်နေတာ၂နှစ်နီးပါးရှိနေပြီမို့လို့ သဘောကောင်းသည့်ဆိုင်ရှင်နဲ့တောင် အတော်ရင်းနှီးနေပြီဖြစ်သည်။

"ဟေးဟေး ငါတို့ရဲ့ကြွေရုပ်လေးလာပါပြီ"

"ဟာ သူဠေးခင်များတို့ရဲ့ကြွေရုပ်လေးမဟုတ်ပါဘူးနော် ကျုပ်ရဲ့ကြွေရုပ်လေးပါ"

ခွန်းတခြန္းတ(ongoing)Where stories live. Discover now