ခွန်းတ(25)

243 40 3
                                    

Unicode

စာကြည့်ခန်းတွင် အလုပ်မှကျန်သေးတဲ့အလုပ်တွေကို ညလုံးပေါက်လုပ်နေခဲ့သည်။ဒီနှစ်‌တွေမှာ သူဟာအလုပ်တွေကိုပဲဖိလုပ်နေခဲ့ကာ သောက်စားမူးရစ်နေခဲ့သည်။ဘယ်တတ်နိုင်မလဲ လွမ်းသည့်ဒဏ်ဟာ ထိုအရာတွေနှင့်သာ ကုစားလို့ရခဲ့သည်။ချစ်လျက်နဲ့လက်လွှတ်ပေးခဲ့ကာ သူလည်းလွန်ခဲ့တာ‌တွေရှိ‌ပေမဲ့ ဇာတ်လမ်းလေးအဆုံးသတ်သွားချိန်မှာတော့ သူပြောနိုင်သည်ကသူတကယ်ချစ်ခဲ့တာပင်။အရင်လို ထိုလူသားကိုသူ့ပုခုံးစွန်းလေးတွင် မှီစေလိုခဲ့သည်။သို့သော် မဖြစ်နိုင်ခဲ့တော့ စားပွဲပေါ်မှ တိတ်တခိုးရိုက်ခဲ့ရသော ခွန်းတရဲ့ဓာတ်ပုံလေးကိုသာ ငေးကြည့်‌လို့သာရခဲ့ပြီ။

"မောင်"

အလုပ်ရှုပ်နေတဲ့မောင်ဟာ သူမအသံကိုမကြားသည်လား တမင်မကြားချင်ယောင်ဆောင်သည်လား မသိလှည့်တောင်ကြည့်မလာခဲ့။

"မောင် အိပ်တော့လေ ည၂နာရီတောင်ရှိနေပြီ"

သူမသိပ်သဘောကျရသော မျက်ဝန်းတွေဟာ ကွန်ပြူတာဖန်သားပြင်ပေါ်သို့သာ ကျရောက်လျက်။အရူးလို့ထင်ရင်ထင်ပါစေ သဝန်တိုရပါ၏။

"အင်း ငါပြီးရင်လာခဲ့မယ် မင်းဘာသာအိပ်နှင့်"

"တော်ပြီ ကျွန်မလဲမအိပ်ချင်သေးဘူး မောင့်ကိုအဖော်လုပ်ပေးမယ်"

မျက်မှောင်ကြုံ့သွားသော်လည်း ဘာမှပြန်မပြောသော မောင်ဟာသူမကို ဒီမှာရှိနေရန် မလိုလားမှန်းသိသာလွန်းပါဘိ။သို့သော် မသိချင်ယောင်ဆောင်ကာ မောင့်မျက်နှာလေးကို ငေးမောချင်၍ ပေတေကာထိုင်နေခဲ့သည်။‌ဆိုဖာပေါ်တွင် မေးလေးထောက်ကာ မောင့်ကိုငေးသည်။မောင်ကတော့သူမကိုရှိတယ်လို့တောင် ထင်မည့်ပုံမပေါ်။သို့သော် မောင့်ကိုအနီးကပ်ငေးခွင့်ရနေသရွေ့ သူမဘာမှပြောမည်မဟုတ်။
ပတ်ဝန်းကျင်ဟာလဲ တိတ်ဆိတ်နေကာ အခန်းထဲတွင်ကြားနေရတဲ့အသံဆိုလို့ keyboardပေါ်မှမောင့်လက်နှိပ်သံလေးတင်။ချစ်ရသူဆိုတဲ့အသိလေးနဲ့တင် ရိုးရှင်း‌လွန်းတဲ့ လက်နှိပ်သံလေးတွေကပင် ချိုသာလွန်းတဲ့သံစဉ်လေးတစ်မျိုး ဖြစ်ရပြန်သည်။နဂိုကတည်းက ချောမောလွန်းတဲ့မောင်ဟာ လရောင်အကူအညီဖြင့် နတ်သားတစ်ပါးအလား..စွဲမက်ဖွယ်ရာပင်..။

ခွန်းတခြန္းတ(ongoing)Where stories live. Discover now