မေသွေး အိမ်ကိုအပြန်
တီ.....တီ.....
နောက်က ဟွန်းဆက်တိုက်တီးနေတဲ့ ကားကိုလှည့်ကြည့်တော့" ဟိုကလေးမ "
" ထပ်ပြီးရှင်ပဲလား။ရှင်သွားရာနေရာ မရှိဘူးလား ကျွန်မကိုပဲ လိုက်နှောင့်ယှက်နေရတာ "
" သွားစရာကရှိပါတယ် ဒါပေမယ့် မင်းကို လိုက်ပို့ချင်လို့လေ "
" ဒီမှာ ရှင်တွေ့ဖူးတဲ့ ကောင်မလေးတွေလိုများ ရှင်ထင်နေတာလား။ကျွန်မဘာသာ တယောက်ထဲနေချင်လို့ လမ်းလျှောက်ပြန်တာ "
" ကိုယ်က စေတနာနဲ့ဟာကို။လာပါ ကော်ဖီသွားသောက်မယ် "ဟုဆိုကာ ကားပေါ်ကဆင်းပြီး ကားတံခါးဆင်းဖွင့်ပေးတော့တယ်။
" လာပါ ကလေးမရဲ့ မင်းကို ဘာမှမလုပ်ပါဘူး
ခင်ချင်ရုံသက်သက်ပါကွာ လာ "" အွန်း " ဆိုပြီး လွန်းမာန်ခ ဖွင့်ပေးထားတဲ့ ကားတံခါးထဲဝင်လိုက်တော့သည်။
ကော်ဖီဆိုင်သို့ရောက်သောအခါ
" Latte တစ်ခွက် Capachino တစ်ခွက် " ဟု လွန်းမာန်ခ လက်တန်းမှာလိုက်တော့
" ကျွန်မ capachino ကြိုက်တာ ဘယ်လိုသိ "
" အဟက် ဒီလိုပဲပေါ့ "ပြုံးရင်း စားပွဲနားသွားထိုင်နေလေရဲ့
* ဝါးးးး ငါ့အကြောင့်ကို ဘယ်တုန်းက စုံစမ်းလိုက်တာပါလိမ့် * လွန်းမာန်ခကို ကြောင်ကြည့်ပြီး အတွေးနယ်ချဲ့နေတုန်း
" ဟိတ် ကလေးမ မထိုင်ဘူးလား "
" ရှင်! လာ.... လာပြီ "
" ကျွန်မအကြောင်းစုံစမ်းထားတာလား "
" အကင်းပါးသားပဲ ကလေးမ က "
" ကလေးမ ကလေးမ နဲ့ ကျွန်မမှာ နာမည်ရှိတယ် မေသွေး ဟွန့် "
" ကို့ မျက်စိထဲမှာတော့ ကလေးလေးပဲ "မေသွေးကိုပြုံးပြီးပြောတော့ မေသွေးတစ်ယောက် ရှက်သွေးဖြာပြီး မျက်နှာက ပန်းရောင်သန်းနေလေရဲ့
" ကော်ဖီရပါပြီဗျ "
မေသွေး ရှက်ရှက်နှင့် ကော်ဖီကို ငုံသောက်လိုက်ရာ နှုတ်ခမ်းပေါ်တွင် အမြုပ်လေးများ ကပ်ကျန်နေလေတော့ လွန်းမာန်ခ ပြုံးရင် တစ်ရှူးယူကာ မေသွေးရဲ့ နှုတ်ခမ်းကို အနူးအညံ့လေး သုတ်ပေးနေလေရဲ့

YOU ARE READING
Favorite person
Romanceသိပ်ချစ်ရတဲ့ အမျိုးသားရယ် ထိုသူနဲ့တူတဲ့ ကိုယ်ပွားလေးရယ် ကိုယ့်ဆီမာ သူတို့လေးရှိရင် အရာရာပြီးပြည့်စုံသွားပြီ