မေသွေးအိမ်ပြန်ရောက်တော့ အတွေးထဲဝင်လာသူက လွန်းမာန်ခ
" ငါ ရင်ခုန်သလိုခံစားနေရသလိုပဲ "ဟုဆိုကာ ဘယ်ဘက်ရင်အုံကို ကိုင်ကြည့်လိုက်တော့ အပြင်ကို ပေါက်ထွက်မတတ်ဖြစ်နေတဲ့ ရင်ခုန်သံ
" အားးးငါ ဒီလူကြီးကို စိတ်ဝင်စားနေတာလား သူ့အကြောင်းတွေးတိုင်း ရင်ခုန်နေမိရတာ အားးးးးး " အလန့်တကြားအော်လိုက်ရာ အခန်းတံခါးလာခေါက်တဲ့ မာတာမိခင်
" ဟဲ့ အလန့်တကြားနဲ့ ဘာဖြစ်တာလဲ
မယ်မင်းကြီးမ "" ဘာမှဖြစ်ဘူး မေ ဒီတိုင်းအော်မိတာ "
" ပြီးတာပဲ။ညစာဖိတ်ထားတာရှိတယ် လိုက်ခဲ့ ဒါပဲ "
မေသွေးတံခါးကိုပြေးဖွင့်လိုက်ကာ " ဟာ မေ ကလဲ သမီးမှ မလိုက်ချင်တာကို "ဆူပုတ်စွာ ပြောနေလေရဲ့
" မရဘူး အိမ်က သမီးပါခေါ်ခဲ့မယ်ပြောထားပြီးသား လိုက်ခဲ့ ။သွားပြင်ဆင်ချည် သွား "
" မေမေတို့ကလေ သမီးဆို အဲ့လိုကြီးပဲ "ဆောင့်အောင့်ကာ တံခါးဆွဲပိတ်လိုက်လေသည်။
ဂျိန်း........
" ဟဲ့ မြန်မြန်လုပ်နော် 6 နာရီသွားရမာ "" အွန်းပါ မေ ရဲ့ "
မေသွေး ရေချိုး၊ အဝတ်လဲ၊ အလှလေးနဲနဲပါးပါးပြင်ကာ အောက်ဆင်းလာတော့
" ဖေဖေ့သမီးလေးက လှလာလိုက်တာ ဒီလိုလေးကျတော့ "
" ဖေ့ သမီးက အမြဲလှပါတယ်နော် "
" ဟုတ်ပါပြီဗျာ။ လာ သွားစို့ "
__________________________________________________________
ဒေါက်.....ဒေါက်......ဒေါက်......" သားရေ ဒီနေ့ မေမေ့ ဧည်သည်တွေ လာမှာမို့ ဆင်းခဲ့နော် "
" ဗျာ ဟုတ် မေမေ။ သားဆင်းခဲ့မယ် "
လွန်းမာန်ခ တွေးလက်စ အတွေးကို အဆက်ဖြတ်ကာ လုပ်စရာတာလုပ်တော့သည်။
လွန်း အောက်ကိုဆင်းတော့ အောက်မှာ ဧည့်သည်တွေ ရောက်နေကြပြီ
" သား လာ မိတ်ဆက်ပေးမယ် "
" ဟုတ် "
" ဟင်! "
" ထပ်ပြီး ရှင်ပဲလား! "
" သားတို့က သိနေကြတာလား "

YOU ARE READING
Favorite person
Roman d'amourသိပ်ချစ်ရတဲ့ အမျိုးသားရယ် ထိုသူနဲ့တူတဲ့ ကိုယ်ပွားလေးရယ် ကိုယ့်ဆီမာ သူတို့လေးရှိရင် အရာရာပြီးပြည့်စုံသွားပြီ