မေသွေးတစ်ယောက် ယုန်ပေါက်ငယ်လေးသဖွယ် ကြေးအိုးဆီချက်လေးကို ကိုင်ကာ အိမ်ထဲကို ဝင်သွားလေရဲ့။
" ပြန်လာပြီလားသမီး အဆင်ပြေခဲ့လား အဝတ်တွေရွေးရတာ "
" ဟုတ်မေ အဆင်ပြေပါတယ် ပြီးတော့လေ အဝတ်လေးတွေကလဲ အရမ်းလှတာ သိလား "
" ဟုတ်ပါပြီ မယ်မင်းကြီးမရယ် ဒါနဲ့ သားလေးကရော
လိုက်မဝင်လာဘူးလား မတွေ့ရတာလဲ ကြာပေါ့ "" အလုပ်ကိစ္စလေးရှိသေးလို့ လိုက်မဝင်တာ မေမေရဲ့ "
" ဟုတ်ပါပြီ ဒါဆိုလဲ လက်ထဲက အထုတ်ပေး သွားနားချည် "
" ဟုတ်ကဲ့ " ဟုဆိုကာပြေးလွှားပြီး အခန်းထဲ ဝင်သွားလေရဲ့။
ကုတင်ပေါ်လှဲပြီး ဖုန်းလေးအထုတ်
" နေ့တိုင်းညတိုင်း မင်းနဲ့ အတူ ring ring ring ring..... "
ဟော ကိုကို့ဆီကပဲ
" အညာဇင်ယော် ကိုကို "
" သဲသဲလေး ကိုကို အလုပ်ရောက်ပြီ "
" ဟုတ် မေသွေးလဲ ခုပဲ ဖုန်းဆက်မလို့ ဖုန်းထုတ်နေတာ
ကိုကိုက ဆက်လာတာနဲ့ တိုးသွားတယ် ဟီးးဟီး "" ဟုတ်ပါပြီဗျာ ဒါနဲ့ မေမေရော ဘာပြောသေးလဲ ကိုကို အထဲလိုက်မဝင်လို့ စိတ်ဆိုးနေပြီလားတောင်မသိ "
" မေးတယ်ကိုကိုရဲ့ ကိုကိုလိုက်မဝင်လာလို့ အဲ့တာနဒ့ အလုပ်ကိစ္စကြောင့် မဝင်တော့တာလို့ ပြောလိုက်တာ "
" ကျေးဇူးပါခဗျာ "
" ရပါတယ် မလိုပါဘူး အချင်းချင်းတွေပဲ "
" ဒီကောင်မလေး နောက်တီးနောက်တောက်နဲ့နော် "
" ကိုကိုက ငြိုငြင်နေပြီပေါ့လေ ရပါတယ်လေ ကိုကိုက မချစ်တော့မှန်းသိပါတယ်လေ 🥺 "
" မဟုတ်ရပါဘူး အသဲပေါက်လေးရယ် ကိုကိုက သဲသဲလေးကို မချစ်လို့ ဘယ်သူ့သွားချစ်ရမှာ ပြောစမ်းပါအုံး ကိုကို့ကို "
" ဟင့် သိဘူးလေ ကိုကို့ဆီမှာ အသဲပေါက်လေး က
မေသွေးဆိုတော့ အသဲပေါက်ကြီးလဲ ရှိရင် ရှိနေမှာပေါ့ "" ဟောဗျာ ကိုကို့မှာ သဲသဲလေးကိုတောင် ချစ်လို့မဝတာကိုဗျာ ဘယ်ရ အကြီးတွေရှိရမှာလဲ ဒီပိစိလေးတော့ကွာ အနားမှာသာဆို ဆွဲနမ်းပစ်ပြီ သိလား "
YOU ARE READING
Favorite person
Любовные романыသိပ်ချစ်ရတဲ့ အမျိုးသားရယ် ထိုသူနဲ့တူတဲ့ ကိုယ်ပွားလေးရယ် ကိုယ့်ဆီမာ သူတို့လေးရှိရင် အရာရာပြီးပြည့်စုံသွားပြီ