Episode 6

202 10 5
                                    

နေ့တိုင်းညတိုင်း မင်းလေးနဲ့အတူ Ring..Ring..Ring..
ချစ်စကားတွေ ဖွဲ့နွဲ့ပြောမယ် Ring..Ring..Ring...

" ဟဲလို "

" ဟဲလို ကလေးမ "

ကလေးမလို့ ခေါ်ကတည်းက မေသွေးသိလိုက်ရပြီ အခြားသောသူ မဟုတ် လွန်းမာန်ခ တယောက်ထဲသာ

" ဖုန်းနံပါတ်ဘယ်လိုရတာ "

" သိတာကြာပြီ ခုမှ ဆက်တာ "

" အွန်း ဘာကိစ္စရှိလို့လဲ "

" သတိရလို့လေ "

" ဗျာ သတိရ ရအောင် ကျွန်မက ရှင့်ရည်းစားလား "

" ရည်းစားမှ သတိရ ရမှာလား ပြောပါအုံး "

" ခဗျားနော် မညစ်ပတ်နဲ့ "

" ဟော ဘယ်မှာညစ်ပတ်လို့လဲဗျာ။နေ့တိုင်းရေချိုးတယ် သိလား "

" မသိဘူး မေးလို့လား "

" မမေးလဲ ဖြေတယ် ဘာဖြစ်လဲ "

" ယောင်္ကျားကြီး တန်မဲ့နဲ့ ပြန်စွာနေတာ။လင်ပေးစားလိုက်မှာ ဟွန့် "

" ကိုယ်က မင်းကိုပဲ ရအောင်ယူမှာ မှတ်ထား ကလေးမ "

" ခဗျား ပြောလေ ဆိုးလေပါလား "

" ဘာဖြစ်လဲ "

" တော်ဗျာ စာလုပ်နေတာ အာရုံနောက်တယ် ဒါပဲ "

" မုန့်ဝယ်ကျွေးမယ်လေ "

" အမ် ဘာမုန့်လဲ "

" အပြင်ထွက်ခဲ့ အိမ်ရှေ့ရောက်နေပြီ "

" ဟင် " မေသွေး မယုံ၍ ဝရံတာဘက်ထွက်ကြည့်တာ အဟုတ်ပါ့ အိမ်ရှေ့မှာ မျက်နှာကြီး ဖြီးပြနေတာ

" အွန်း ထွက်လာမယ် ခနစောင့် "

" Ok babe "

" မေမေရေ လွန်း မုန့်စားမယ်လာခေါ်လို့ သွားလိုက်အုံးမယ်နော် "

" နောက်မကျစေနဲ့နော် "

" ဟုတ် "

" ဟဲ့ နေပါအုံး ဒီပုံစံအတိုင်းသွားမလို့လား။ နင့်ကိုယ်နင် ၁၆ နှစ်ကလေးများမှတ်နေတာလား JJ ဝမ်းဆက်နဲ့ "

" ဟာ မေမေကလဲ ဟိုနားဒီနားဟာပဲ ။ပြီးတော့ သမီးလဲ အိမ်မှာနေလို့ ဒီလိုဝတ်တာကို "

Favorite person Where stories live. Discover now